SJ WorldNews - шаблон joomla Авто

နယ်စပ်ဂိတ် ဖွင့်လှစ်နိုင်ရေး ကွင်းဆင်းကြည့်ရှု

Tuesday, 14 November 2017 14:01 font size decrease font size decrease font size increase font size increase font size

မယ်စဲ့  နိုဝင်ဘာ ၁၃

ကယားပြည်နယ် မယ်စဲ့မြို့နယ်ရှိ နယ်စပ်ဂိတ် ဖွင့်လှစ်နိုင်ရေးအတွက် ဗန်ကောက်မြို့ အခြေစိုက် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်း ဦးဆောင်သော သံရုံးမှ သံအရာရှိများ၊ မယ်ဟောင်ဆောင်ဒုတိယခရိုင်ဝန် Mr.Prachuab Arjaraphong နှင့် တာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲပိုင်းက မြန်မာ-ထိုင်း  နယ်စပ်ဂိတ် ဘီပီ(၁၃)သို့   ကွင်းဆင်းကြည့်ရှုကြောင်း သိရသည်။

မြန်မာသံအမတ်ကြီးနှင့်အဖွဲ့သည် မယ်စဲ့မြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဧည့်ရိပ်သာ၌ ပြည်နယ်အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ဘောလခဲခရိုင် အုပ်ချုပ်ရေးမှူး၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံပြီး သံအမတ်ကြီးနှင့် ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးတို့က လမ်းပန်းဆက်သွယ်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေ၊ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများနှင့် နယ်စပ်ဖြတ်ကျော်ခွင့် လက်မှတ်(Boder Pass)ဆောင်ရွက်ထားရှိမှု အခြေအနေ၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေများကို မေးမြန်းဆွေးနွေးပြီး ၂ဝ၁၈  ခုနှစ်  ဇန်နဝါရီ  ၁၅  ရက်တွင်  ကယားပြည်နယ် လွိုင်ကော်မြို့၌ ကျင်းပမည့်   ကယားပြည်နယ်နေ့ အခမ်းအနားတွင်  ထိုင်းကုန်စည်ပြပွဲနှင့်  ဈေးရောင်းပွဲတော်များ လာရောက်ပြုလုပ်ရန် ဖိတ်ခေါ်ခဲ့သည်။

 မယ်ဟောင်ဆောင် ဒုတိယခရိုင်ဝန်က နယ်စပ်ကုန်သွယ်ရေး လမ်းပိုင်း ဆောင်ရွက်မှု အခြေအနေ၊ ထိုင်းနိုင်ငံဥပဒေအရ ၉ ဒသမ ၇ ကီလိုမီတာရှိသော သစ်တောအား ဖြတ်သန်းခွင့်ရရှိရေး တင်ပြထား မှု အခြေအနေများကို ဆွေးနွေးပြီး သံအမတ်ကြီးနှင့် တာဝန်ရှိသူများသည်   ဘီပီ(၁၄)လမ်းပိုင်းကို   သွားရောက်ကြည့်ရှုပြီး ထိုလမ်းပိုင်းမှတစ်ဆင့် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင် မယ်စရင်းမြို့သို့ သွားရောက်ခဲ့ကြောင်း သိရသည်။

Read 11 times Last modified on Tuesday, 14 November 2017 14:02