SJ WorldNews - шаблон joomla Авто

ပဲခူး-သနပ်ပင် ကားလမ်းကို လေးလမ်းသွားအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်

Tuesday, 14 November 2017 14:07 font size decrease font size decrease font size increase font size increase font size

ပဲခူး နိုဝင်ဘာ  ၁၃

 ပဲခူး-သနပ်ပင်  နှစ်လမ်းသွား ကားလမ်းကြီးကို ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့က ဦးဆောင်၍ လမ်းဦးစီးဌာနနှင့် စည်ပင်သာယာရေး ဌာနတို့ ပူးပေါင်း၍ ယမန်နေ့မှစတင်ကာ လေးလမ်းသွား လမ်းမကြီးအဖြစ် အကောင်အထည်ဖော်  ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

''ပဲခူးမြို့ပေါ်မှာရှိတဲ့    လမ်းတွေအနက် ဒီလမ်းက လူ၊ယာဉ် သွားလာမှု အများဆုံးပဲ၊ လမ်းကလည်း ကျဉ်းလွန်းတဲ့အတွက် ယာဉ်တိုက်မှုတွေလည်း မကြာခဏဖြစ်တယ်။ လက်ဖက်ရည်ဆိုင်တွေ၊ ပုဂ္ဂလိကဘဏ်တွေ၊ ဈေးနဲ့ကားဂိတ်တွေရှိနေတဲ့ အတွက် ယာဉ်ကြောအမြဲရှုပ်ထွေးတယ်။ ဈေးသည်တွေကလည်း ပလက်ဖောင်းတွေပေါ်အထိ နေရာယူပြီးရောင်းချနေကြတယ်။ ဒါကြောင့် လေးလမ်းသွား အဖြစ် တိုးချဲ့ဆောင်ရွက်ပေးတဲ့ အတွက်   ဝမ်းသာပါတယ်''ဟု  ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါလမ်းကို ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာ နှစ် ပြည်ထောင်စု ငွေလုံးငွေရင်း ရန်ပုံငွေကျပ် သန်း ၈၆ဝ၊  ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ငွေလုံးငွေရင်း   ရန်ပုံငွေကျပ် သန်း ၁၂၉ဝ တို့ဖြင့်  အကျယ် ၄၈ ပေရှိ လေးလမ်းသွား ကတ္တရာကွန်ကရစ်   AC အမျိုးအစားနှင့် ကွန်ကရစ်လမ်း  Concrete Pavement အမျိုးအစားတို့ဖြင့်  ပဲခူးမြို့ နာရီစင်ရှေ့မှစတင်၍  ကမာနတ်ကျေးရွာထိပ် စိန်သာလျောင်းဘုရား  လမ်းဆုံ(၁/၇)မိုင်အထိ ပဲခူးတိုင်းဒေသကြီး လမ်းဦးစီးဌာနမှ တာဝန်ယူကာ အဆင့်မြှင့်တင် ခင်းပေးမည်ဖြစ်သည့်အပြင် စည်ပင်သာယာရေး ဌာနကလည်း လမ်းအင်္ဂါရပ်နှင့် ညီညွတ်စေရန်အတွက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် လမ်းနယ်နိမိတ်နှင့် မလွတ်ကင်းသည့် နေအိမ်၊ဈေးဆိုင် စသည့် အဆောက်အအုံများကိုလည်း   ဖျက်သိမ်းမည် ဖြစ်ကြောင်း သိရသည်။                     

Read 16 times Last modified on Tuesday, 14 November 2017 14:08