SJ WorldNews - шаблон joomla Авто

ကြာအင်းဆိပ်ကြီး မြို့နယ်၌ သံပရာသီး ဈေးနှုန်း ကျဆင်း

Saturday, 12 August 2017 13:57 font size decrease font size decrease font size increase font size increase font size

ကြာအင်းဆိပ်ကြီး သြဂုတ် ၁၁

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီး မြို့နယ်၌ သံပရာသီးများ လှိုင်လှိုင်ထွက် ရှိသော်လည်း ဈေးနှုန်း ကျဆင်း နေခြင်းကြောင့် သံပရာခြံစိုက် တောင်သူများ အနေဖြင့် ဈေးနှုန်း ပြန်လည် ကောင်းမွန်ရေး မျှော်လင့်လျက်ရှိကြောင်း သိရသည်။

သံပရာသီး ဈေးနှုန်းမှာ နွေရာသီတွင် ဈေးနှုန်း ရရှိသော်လည်း ယခု မိုးရာသီတွင် တစ်လုံးလျှင် ဖောက်သည်ဈေး သုံးကျပ်သာ ရရှိသည့်အတွက် သံပရာသီး ဆွတ်ခူးရန်ပင် အခက်အခဲ ဖြစ်ပေါ်လျက် ရှိကြောင်း သံပရာခြံ လုပ်ငန်း လုပ်ကိုင်သူများက ပြောသည်။

အဆိုပါ သံပရာသီးများကို ကြာအင်းဆိပ်ကြီး မြို့နယ် အတွင်းရှိ ကြတ်ခတ်ချောင်း၊ မီးလောင်ချောင်း၊ သမိန်လစ်၊ တဂေး၊ ကြာအင်းကြီး၊ ဘုရားငုတ်တို စသည့် ကျေးရွာများတွင် အများဆုံး စိုက်ပျိုးကြသည်။

သံပရာ စိုက်ပျိုးရာတွင် သံပရာပင် ကိုင်းဆက် တစ်ကိုင်းလျှင် ငွေကျပ် ၇ဝဝ ဖြင့် ဝယ်ယူရကာ မြေတစ်ဧကလျှင် ပျိုးကိုင်း ၁ဝဝ ကျော် ထည့်သွင်း စိုက်ပျိုးနိုင်ပြီး တစ်ဧက စိုက်ပျိုးမှု ကုန်ကျစရိတ်မှာ ငွေကျပ် သိန်း ၆ဝ ကျော် ဖြစ်ကြောင်း သိရသည်။

နေသူရိန်

Read 49 times Last modified on Saturday, 12 August 2017 13:58