SJ WorldNews - шаблон joomla Авто

အမေရိကန်၊ အင်္ဂလန်၊ သြစတြေးလျ၊ ကနေဒါ၊ နယူးဇီလန်၊ စင်ကာပူတို့ရှိ ကျောင်းများတွင် မြန်မာကျောင်းသား ကျောင်းသူများ တက်ရောက်နိုင်

Sunday, 13 August 2017 07:03 font size decrease font size decrease font size increase font size increase font size

ရန်ကုန် သြဂုတ် ၁၂

အမေရိကန်၊ အင်္ဂလန်၊ သြစတြေးလျ၊ ကနေဒါ၊ နယူးဇီလန်၊ စင်ကာပူ ကျောင်းများတွင် မြန်မာကျောင်းသား၊ ကျောင်းသူများ တက်ရောက်နိုင်ကြောင်း ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်၌ ကျင်းပသည့် International Education Exhibition 2017 (နိုင်ငံတကာအဆင့်မြင့် ပညာရေးပြပွဲကြီး ၂ဝ၁၇) မှ သိရသည်။

အမေရိကန်နှင့် အင်္ဂလန်ရှိ Top Ranking 50 စာရင်းဝင် တက္ကသိုလ်များသို့ တက်ရောက် လိုသူများအတွက် College နှင့် University များ (2+2 Transfer Programme)၊ အမေရိက၊ သြစတြေးလျ၊ ကနေဒါနှင့် နယူးဇီလန်ရှိ ထိပ်တန်း တက္ကသိုလ်များ၊ အမေရိက၊ အင်္ဂလန်၊ သြစတြေးလျ၊ ကနေဒါနှင့် နယူးဇီလန်ရှိ တက္ကသိုလ်များသို့ တိုက်ရိုက်တက်ရောက် လိုသူများ မြန်မာနိုင်ငံမှ တက္ကသိုလ်ဝင် စာမေးပွဲ အောင်ရုံဖြင့် တက်ရောက်နိုင်ကြောင်း သိရသည်။

''မြန်မာနိုင်ငံမှာ ကျောင်းတက်ပြီး တက္ကသိုလ် စာမေးပွဲ အောင်ထားတဲ့ ကလေးတွေပဲဖြစ်ဖြစ်၊ နိုင်ငံခြားရဲ့ ဖောင်ဒေးရှင်းအတိုင်း ကျောင်းတက်နေတဲ့ ကလေးတွေက ပညာရေး လမ်းကြောင်းအတိုင်း နိုင်ငံခြားရဲ့ ပညာရေးအတိုင်း ကျောင်းတက်နေသူတွေက နိုင်ငံခြားကို ကျောင်းသွားတက် ချင်တဲ့အခါ အမေရိကန်၊ အင်္ဂလန်၊ သြစတြေးလျနဲ့ စင်ကာပူတို့မှာ ရှိပေါင်းတဲ့ ပညာရေး စနစ်တွေနဲ့ ပတ်သက်ပြီးတော့ သိလာအောင် နိုင်ငံခြားမှာရှိတဲ့ ကျောင်းတွေနဲ့ ပတ်သက်ပြီး အသေးစိတ် အချက်အလက်တွေကို သိအောင် နိုင်ငံပေါင်း ခြောက်နိုင်ငံ ကျောင်းပေါင်း ၇ဝ ကျော်က ဆရာ၊ ဆရာမ တွေကိုခေါ်ပြီး ကျောင်းနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ၊ ဝင်ခွင့်ကိစ္စတွေကို ချိတ်ဆက်ပေးပါတယ်။ အဓိကကတော့ အင်္ဂလိပ်စာ ကျွမ်းကျင်ဖို့ လိုပါတယ်'' ဟု AT & S နိုင်ငံတကာ ပညာရေး ဝန်ဆောင်မှုမှ Executive Director General Manager Thar Yar Aye က ပြောသည်။

အဆိုပါ ကျောင်းများတွင် Medical Science၊ Pre Medicine၊ Architecture၊ Engineering၊ IT ၊ Computer Science၊ Health Science၊ Public Health ၊ Pharmacy၊ Social Science၊ Business and Management၊ Digital Media၊ Early Childhood Education၊ Economics၊ Banking၊ Finance၊ Accounting၊ Hospitality and Tourism၊ Mining၊ Petroleum Engineering၊ Humanities Communications စသည့် ဘာသာရပ်များကို တက်ရောက်နိုင်ကြောင်း သိရသည်။

Read 26 times Last modified on Sunday, 13 August 2017 07:04