SJ WorldNews - шаблон joomla Авто

အလောင်းတော် ကဿပ အမျိုးသား ဥယျာဉ်၌ ဂေဟစနစ်များ ပြန်လည်တည်ထောင်ခြင်း စီမံချက် ရေးဆွဲခြင်း သင်တန်းဖွင့်

Wednesday, 15 November 2017 14:12 font size decrease font size decrease font size increase font size increase font size

ယင်းမာပင် နိုဝင်ဘာ ၁၄

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ယင်းမာပင်မြို့နယ် အလောင်းတော် ကဿပ အမျိုးသားဥယျာဉ် အုပ်ချုပ်ရေးမှူးရုံး၌ ယမန်နေ့ နံနက် ၉ နာရီက ဂေဟစနစ်များ ပြန်လည်တည်ထောင်ခြင်း စီမံချက်ရေး ဆွဲခြင်းသင်တန်းဖွင့်ပွဲ ကျင်းပသည်။ ဂေဟစနစ်များပြန်လည် တည်ေ ထာင်ခြင်း စီမံချက်ရေးဆွဲခြင်း သင်တန်း ဖွင့်ပွဲတွင် နေပြည်တော် သစ်တောဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယ ညွှန်ကြားရေးမှူး ဦးနိုင်ဇော်ထွန်းက ''မြန်မာနိုင်ငံမှာရှိတဲ့ ထူးခြားတဲ့ ဇီဝမျိုးစုံမျိုးကွဲတွေကို ထိန်းသိမ်းကာကွယ်ဖို့အတွက် အလောင်းတော် ကဿပ အမျိုးသားဥယျာဉ်၊ ချပ်သင်းေ တာရိုင်း တိရစ္ဆာန်ဘေးမဲ့တော၊ ထမံသီတောရိုင်း တရိစ္ဆာန်ဘေးမဲ့တော စသည့်နေရာ ၁ဝ နေရာကို တည်ထောင်ထားရှိပါတယ်။ အဲဒီသဘာဝ ထိန်းသိမ်းရေး နယ်မြေတွေမှာ ရာသီဥတုပြောင်းလဲမှု ယုတ်လျော့နည်းသက်သာစေဖို့နှင့် ဒေသခံပြည်သူတွေ သဘာဝပတ်ဝန်းကျင် ကောင်းတွေကို မြင်တွေ့ ခံစားနိုင်ဖို့အတွက် မိမိနိုင်ငံမှာရှိတဲ့ သဘာဝအမွေအနှစ်တွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ အရေးကြီးပါတယ်'' ဟု ပြောသည်။ ဆက်လက်၍ တာဝန်ရှိသူတစ်ဦးက မူလဂေဟစနစ်များ ပျက်စီးပြောင်းလဲလျက် ရှိကြောင်းသိ ရသည့်အတွက် သဘာဝနယ်မြေ နေရင်းဒေသပြန်လည် တည်ထောင်ခြင်း၊ စီမံချက်ရေးဆွဲခြင်း၊ ယခု စီမံချက်ရေးဆွဲနေသော ဝန်ထမ်းများအတွက် လိုအပ်သည့် စွမ်းဆောင်ရည်ရရှိရေး အထူးအလေးထား ရည်ရွယ်၍ သင်တန်းဖွင့်လှစ် သင်ကြားပေးရခြင်းဖြစ်ကြောင်း ပြောကြားသည်။

သင်တန်းတွင် အပြည်ပြည်ဆိုင်ရာ သဘာဝ ထိန်းသိမ်းရေးအဖွဲ့၊ သြစတြေးလျနိုင်ငံ ကွင်စလန်တက္ကသိုလ်၊ နော်ဝေနိုင်ငံ ပတ်ဝန်းကျင်ရေးရာ အေဂျင်စီတို့မှ နိုင်ငံခြားသားပညာရှင် ရှစ်ဦးတို့က မြန်မာနိုင်ငံအတွင်းရှိ ဘေးမဲ့တော ၁၇ ခုမှ အုပ်ချုပ်ရေးမှူးများနှင့် ဝန်ထမ်း ၂၃ ဦးကို နိုဝင်ဘာ ၁၃ ရက်မှ ၁၇ရက်အထိ စာတွေ့ လက်တွေ့ သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

Read 3 times Last modified on Wednesday, 15 November 2017 14:13