SJ WorldNews - шаблон joomla Авто

ရခိုင်ပြည်နယ် အတွင်း ဖွံ့ ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက် ထားရှိမှု ကြည့်ရှု စစ်ဆေး

Wednesday, 15 November 2017 14:13 font size decrease font size decrease font size increase font size increase font size

ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည် ထူထောင်ရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ၏လုပ်ငန်းစဉ်များနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ သတင်းထုတ်ပြန်နိုင်ရေးအတွက် ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် ဦးဆောင်သော မီဒီယာအဖွဲ့သည် ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မောင်တော - အငူမော် လမ်းတစ်လျှောက်ရှိ ရိတ်သိမ်းခြွေလှေ့ စက်ကြီးများဖြင့် စပါးရိတ်သိမ်းနေမှု၊ ကျောက်ပန္တုကျေးရွာ နေအိမ်များ တည်ဆော က်နေမှုနှင့် မေယုတောင်ကျော် လမ်းဖောက်လုပ်မှုတို့ကို ကြည့်ရှုသည်။

ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် မြင်းလွတ်မြို့နယ်ခွဲမောင်တော - အငူမော် လမ်းနံ ဘေး၌ပြည်နယ် အစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် စက်မှုလယ်ယာ ဦးစီးဌာနမှ ရိတ်သိမ်းခြွေလှေ့ စက်ကြီးများဖြင့် ရင့်မှည့်စပါးခင်းများကို စနစ်တကျ ရိတ်သိမ်းပေးနေမှုအား ကြည့်ရှုသည်။ ဆက်လက်၍ ပြည်ထောင် စုဝန်ကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်တို့သည် ကျောက်ပန္တုကျေးရွာ တည်ဆောက်ရေး လုပ်ငန်းခွင်အတွင်း လှည့် လည်ကြည့်ရှုကြသည်။ ထို့နောက် လမ်းဦးစီးဌာန လမ်းအထူးအဖွဲ့(၁၇)မှ တာဝန်ယူစတင်ဖောက်လုပ်လျက်ရှိသည့် ကျောက်ပန္တု-အင်းဒင်-စေတီပြင်တောင်ကျော်လမ်း (မေယုတောင်ကျော်လမ်း) စီမံကိန်းလုပ်ငန်းခွင် သို့ရောက်ရှိပြီး စက်ယန္တရားကြီးများဖြင့် လမ်းဖောက်နေမှုကို ကြည့်ရှုသည်။

လမ်းဦးစီးဌာနအနေဖြင့် မေယုတောင်ကျော် လမ်းကြောင်း လေးခုဖောက်လုပ်လျက်ရှိရာ ကြိမ်ချောင်း-ဂုပ္ပိ တောင်ကျော်လမ်း ၈ မိုင်နှင့် ကျောက်ပန္တု-အင်းဒင်-စေတီပြင်တောင်ကျော်လမ်း ၁၄ မိုင်တို့အား အရေးပေါ် ရန်ပုံငွေဖြင့် ၂ဝ၁၈ ခုနှစ် မတ်လတွင် အမာခံကျောက်ချောလမ်း အဖြစ် ဖောက်လုပ်သွားမည်ဖြစ်ပြီး သက်ပိုင် ညာ-ပဒဂါးလမ်း၊ ဥဒေါင်း-ညောင်ချောင်းလမ်းတို့အား လာမည့်ဘဏ္ဍာနှစ်တွင် ဆက်လက်ဖောက်လုပ်သွားရန် လျာထားသည်။ ယင်းနောက် ၂ဝ၁၆ ခုနှစ် အောက်တိုဘာ ၉ ရက်က ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက် သမားများ၏ တိုက်ခိုက်ခြင်းခံခဲ့ရသည့် ရသေ့တောင်မြို့နယ် ကိုးတန်ကောက် နယ်ခြားစောင့် ရဲ တပ်ဖွဲ့ စခန်းအားသွားရောက်ကြည့်ရှုပြီး အငူမော်မှတစ်ဆင့် အမြန်ရေယာဉ်ဖြင့် စစ်တွေမြို့သို့ ပြန်လည် ရောက်ရှိသည်။ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်တို့သည် စစ်တွေမြို့ရှိ မြန်မာ့ အသံနှင့် ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံ၊ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း ကိုယ်ပွားသတင်းစာတိုက် (စစ်တွေ)၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပြည်နယ်ရုံးတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းပိုင်းဆိုင်ရာများကို မှာကြားခဲ့သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် မီဒီယာအဖွဲ့သည် စစ်တွေ မြို့မှ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခဲ့ကြရာ ညနေပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြသည်။

Read 2 times Last modified on Wednesday, 15 November 2017 14:25