SJ WorldNews - шаблон joomla Авто

နေရောင်ပြ အင်းအတွင်းရှိ ပြည်လုံးချမ်းသာ စေတီတော်မြတ်ကြီး ရွှေထီးတော် တင်လှူမည်

Wednesday, 15 November 2017 12:38 font size decrease font size decrease font size increase font size increase font size

နေပြည်တော် နိုဝင်ဘာ ၁၄

နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ် နေရောင်ပြအင်းအတွင်း တည်ထား ကိုးကွယ်သည့် ပြည်လုံး ချမ်းသာ စေတီတော်မြတ်ကြီး၏ ရွှေထီးတော်တင်လှူပွဲ အခမ်းအနားကို ၂ဝ၁၈ ခုနှစ် ဇန်နဝါရီ ၄ ရက်မှ ၅ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ စေတီတော်မြတ်ကြီးတွင် ဆက်ကပ်တင်လှူပူဇော်မည့် ရွှေထီးတော်မြတ်ကြီးမှာ အချင်း ကိုးပေ၊ အမြင့် ၂၇ ပေရှိပြီး ယင်းရွှေထီးတော်ကြီးအား ပုဗ္ဗသီရိမြို့နယ် သံဃနာယက ဥက္ကဋ္ဌဆရာတော်နှင့် အဖွဲ့ဝင် ဆရာတော်များ၊ ရပ်မိရပ်ဖများနှင့် အလှူရှင်များသည် နိုဝင်ဘာ ၁၂ ရက်က မန္တလေးမြို့သို့ သွားရောက် ပင့်ဆောင်ကာ လမ်းခရီးတစ်လျှောက်ရှိ မြို့ရွာများသို့ အပူဇော်ခံ ကြွချီခဲ့သည်။ ယင်းရွှေထီးတော်ကို နေရောင်ပြ အင်းပြည်လုံးချမ်းသာ စေတီတော်မြတ်ကြီး၏ အာရုံခံတန်ဆောင်းအတွင်း အပူဇော်ခံသွားမည်ဖြစ်ရာ လာရောက်ဖူးမြော်ကြည်ညို သဒ္ဓါပွားများနိုင်ပြီး နေပြည်တော်ကောင်စီ နယ်မြေအတွင်း အခါအားလျော်စွာ ဒေသစာရီ ကြွချီအပူဇော်ခံမည် ဖြစ်သည်။ ရွှေထီးတော် တင်လှူမည့်ရက် မတိုင်မီတရားပွဲများ ကျင်းပသွားမည်ဖြစ် ကြောင်းနှင့် ထီးတော်တင်လှူမည့် နံနက်ပိုင်းတွင် ဘုရားအနေကဇာတင် အခမ်းအ နားနှင့် မွန်းလွဲပိုင်းတွင် သံဃာတော် အရှင်သူမြတ်တို့အား  ဆွမ်းဆန်စိမ်းလောင်းလှူပွဲတို့ ကျင်းပသွားမည့်အပြင် ရွှေထီးတော် တင်လှူပွဲ အောင်ပွဲအထိမ်းအမှတ်အဖြစ် ဇန်နဝါရီ ၆ ရက်နှင့် ၇ ရက်ညတို့တွင် ဇာတ်သဘင်အဖွဲ့များဖြင့် ဖျော်ဖြေကာ စည်ကားသိုက်မြိုက်စွာ ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။

Read 3 times Last modified on Wednesday, 15 November 2017 14:35