SJ WorldNews - шаблон joomla Авто

နေပြည်တော်  သြဂုတ်  ၁၇

ဒုတိယ အကြိမ် ပြည်ထောင်စု လွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး ၁၈ ရက်မြောက်နေ့ကို ယနေ့ နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်း အဝေး ခန်းမ၌ ကျင်း ပ သည်

ကလေး သြဂုတ် ၁၇

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ကလေးခရိုင် အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာနမှ မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးအာဏာပိုင် အဖွဲ့၏ ဆေးဝါး လက်လီလက်ကား ရောင်းချသူ လိုင်စင် ရှိ၊ မရှိ၊ ဆိုင်ခန်းများ လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ရှိ၊ မရှိ နှင့် FDA မှ သုံးစွဲရန် မသင့်ဟု ထုတ်ပြန်ထားသော ဆေးနှင့်ဆေးဝါးများ ရောင်းချမှု ရှိ၊ မရှိ တို့ကို ကလေးမြို့ပေါ်ရှိ ဆေးပစ္စည်း အရောင်းဆိုင် ၁၃ ဆိုင်တို့တွင် ယမန်နေ့ နံနက် ၉ နာရီခွဲက စစ်ဆေးကြကြောင်း သိရသည်။

မန္တလေး သြဂုတ် ၁၇

မန္တလေးမြို့ကို မြို့တော်အင်္ဂါရပ်နှင့် ညီစေရန် လူစည်ကားသည့် နေရာများ၌ တောင်းရမ်း စားသောက်နေသူများကို ဖမ်းဆီး အရေးယူလျက်ရှိရာ သြဂုတ် ၁၅ ရက်ထိ တောင်းရမ်းသူ ၆ဝ ဦးနှင့် စေခိုင်းသူ သုံးဦးကို ဖမ်းဆီး အရေးယူထားကြောင်း မန္တလေးမြို့တော် စည်ပင် သာယာရေး ကော်မတီ သန့်ရှင်းရေး ဌာနမှ သိရသည်။

ရန်ကုန်   သြဂုတ်   ၁၇

ယခုနှစ်အတွင်း  ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ဈေး၂၁ ဈေးကို အဆင့်မြှင့်တင် တည်ဆောက်မည်ဖြစ်ကြောင်း   ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဈေးများဌာန ဒုတိယဌာနမှူး ဦးစည်သူလွင်ထံမှ သိရသည်။

မုံရွာ သြဂုတ် ၁၇

တိုင်းဒေသကြီး အတွင်း လတ်တလော ဖြစ်ပွားလျက်ရှိသော ရာသီတုပ်ကွေး ရောဂါနှင့် ပတ်သက်သည့် ကျန်းမာရေး အသိပညာပေး ဟောပြောပွဲကို စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့ မုံရွာတက္ကသိုလ် ဘီဆောင်၌ ယနေ့ နံနက် ၉ နာရီတွင် ကျင်းပကြောင်း သိရသည်။

ခေါဇာ သြဂုတ် ၁၇

ရော်ဘာပျိုးခင်း ပျိုးထောင်ခြင်းနှင့် အပင်ပြုစု ထိန်းသိမ်းခြင်း သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၁၁ နာရီက မွန်ပြည်နယ် ရေးမြို့နယ် ခေါဇာမြို့ စိုက်ပျိုးရေး ဦးစီးဌာနရုံး၌ ကျင်းပသည်။

တနင်္သာရီတိုင်း ဒေသကြီး မြိတ်မြို့ ကန်ဖျားရပ် ပိတောက်လမ်း ရာမညမွန် ဘုန်းတော်ကြီး ကျောင်းတိုက် အရှေ့ဓာတ်တိုင်ရှိ လျှပ်စစ်မီးကြိုးများ ပေါ်တွင် ချုံနွယ်များ ရစ်ပတ် သွယ်တန်းလျက် ရှိနေပါသည်။

Page 1153 of 1201