SJ WorldNews - шаблон joomla Авто

နေပြည်တော်     သြဂုတ်    ၂၃ 

ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ အကြမ်းဖက်သမားများနှင့် ပတ်သက်သူတစ်ဦး၊ တရားခံပြေး တစ်ဦးကို ယမန်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 ရန်ကုန်   သြဂုတ်   ၂၃

ပြည်ပနိုင်ငံများသို့    တင်ပို့နေသော ရေထွက်ကုန်များတွင် အဓိကပို့ကုန်ဖြစ်သည့် ငါးသလောက်ကို  ပိုမိုထုတ်လုပ်နိုင်ရန် ၂ဝ၁၇ ခုနှစ်မှ ၂ဝ၂ဝ ပြည့်နှစ်အထိ လေးနှစ်စီမံကိန်းဖြင့် ဘင်္ဂလားဒေ့နိုင်ငံမှ ပညာရှင်များနှင့် ပူးပေါင်း ဆောင်ရွက်မည်ဖြစ်ကြောင်း ငါးလုပ်ငန်း ဦးစီးဌာနမှ သိရသည်။

ရန်ကုန်   သြဂုတ်   ၂၃

ရန်ကုန်မြို့တော် သန့်ရှင်းသာယာလှပရေးအတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနနှင့် Clean Yangon အဖွဲ့သားများပူးပေါင်း၍ Clean Yangon CamPaign လှုပ်ရှားမှုကို လစဉ်ဆောင်ရွက်လျက်ရှိရာ စတုတ္ထအကြိမ်မြောက် လှုပ်ရှားမှုကို သြဂုတ် ၂၇ ရက် ညနေ ၃ နာရီမှ ၆ နာရီထိ ကမာရွတ်မြို့နယ်၊ လှည်းတန်းအနီးတစ်ဝိုက်၌ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။

မိတ္ထီလာ  သြဂုတ်  ၂၃

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အမျိုးသား မှတ်ပုံတင်နှင့်  နိုင်ငံသားဦးစီးဌာနမှ တာဝန်ရှိသူများသည် အခြေခံကျောင်းများ၌ 

ရန်ကုန်   သြဂုတ်   ၂၃

ဆေးတက္ကသိုလ်နှင့် ဆေးဘက်ဆိုင်ရာ တက္ကသိုလ် ၁၈ ခုတွင် ဆေးလိပ်ငွေ့ကင်းစင်သည့် ဆေးပညာဆိုင်ရာ  တက္က သိုလ်များအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်းမှ သိရသည်။

ဗန်းမော်  သြဂုတ်  ၂၃

ကချင်ပြည်နယ် ဗန်းမော်မြို့ အမှတ်(၃) အခြေခံပညာ အလယ်တန်းကျောင်း (အခြေခံ ပညာအထက်တန်း ကျောင်းခွဲ)ခန်းမ၌ ယမန်နေ့ နံနက် ၁ဝ နာရီက  နယ်လှည့်လှုပ်ရှားမှုအသိပညာပေး ဟောပြောပွဲကျင်းပသည်။

ပခုက္ကူ  သြဂုတ်  ၂၃

သီဟိုဠ်ရှင်မြတ်စွာ ဘုရားကြီး တည်ထား ကိုးကွယ်သည့် နှစ်(၉ဝဝ)ပြည့် အထိမ်းအမှတ်  ဘုရားပွဲတော် ကျင်းပရေး ပထမအကြိမ် ညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ ညနေ  ၄ နာရီက  သီဟိုဠ်ရှင်ဘုရားကြီး မြောက်ဘက်စောင်းတန်း၌ ကျင်းပကြောင်း သိရသည်။

ရန်ကုန်   သြဂုတ်   ၂၃

ပြည်တွင်း တရားမဝင် သစ်ခိုးထုတ်နေမှုများကို ထိရောက်စွာ ကာကွယ်နိုင်ရန် အထူးစစ်ဆေးရေး ဂိတ်သုံးခုကို  စစ် ကိုင်းတိုင်းဒေသကြီး၌ ဖွင့်လှစ်မည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံကပြောသည်။

ကျိုင်းတုံ  သြဂုတ်  ၂၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့မ ဈေးကြီးအတွင်း   စားသုံးရန်မသင့်သည့် တရားမဝင် ကုန်ပစ္စည်းများကို ဆိုင်ပေါ်တင်၍ ဖြန့်ချိရောင်းချခြင်း မပြုရန်နှင့် ပညာပေး ကာလ ရက်ပေါင်း ၉ဝ အတွင်း လက်ရှိကုန်ပစ္စည်းများကို အပြီးတိုင်ဖျက်သိမ်းကြရန် ကျိုင်းတုံခရိုင် စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေး ကော်မတီက ယမန်နေ့က ညွှန်ကြားချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။

Page 1170 of 1238