SJ WorldNews - шаблон joomla Авто

မြင်းမူ  သြဂုတ်  ၂၂

စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူမြို့ မင်းရဲကျော်စွာရပ်ကွက် သစ္စာလမ်းနှင့် ရွှေစောလူး အင်းကြားရှိ သက်တမ်းရင့် ကုက္ကိုပင်ကြီးမှာ ယမန်နေ့ ည ၇ နာရီခန့်က မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် မင်းရဲကျော်စွာ ရပ်ကွက်နေ ဦးကိုကို ထွေး၏ နေအိမ်ပေါ်သို့ လဲကျကြောင်း သိရသည်။

ဝန်းသို  သြဂုတ်  ၂၂

၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်အတွက် မြစိမ်းရောင် ကျေးရွာစီမံကိန်း ရန်ပုံငွေလွှဲပြောင်း ပေးအပ်ပွဲကို စစ်ကိုင်းတိုင်းဒေသ ကြီး ဝန်းသိုမြို့ မြို့နယ် အုပ်ချုပ်ရေးမှူးရုံး၌  ယမန်နေ့ နံနက် ၉ နာရီခွဲက ကျင်းပသည်။

မုံရွာ  သြဂုတ်  ၂၂

စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့နယ်နှင့် ချောင်းဦးမြို့နယ် အတွင်းရှိ ကျေးရွာများ ချင်းတွင်းမြစ် ရေလျှံမှုမှ ကာကွယ် နိုင်ရန်နှင့် စိုက်ပျိုးရေကို အထောက်အကူဖြစ်စေရန်အတွက် တည်ဆောက်ထားသော ချင်းတွင်း မြစ်ရေတာပေါင် မြှင့်တင်ခဲ့ပြီး ရေထိန်းတံခါး အခု ၃ဝ မှ ယခုအခါ မုံရွာမြို့နယ်နှင့် ချောင်းဦး မြို့ နယ်တို့ရှိ စိုက်ပျိုးလယ်မြေဧက ၃၂၆၂၈ ဧကကို စိုက်ပျိုးရေ အလုံအလောက် အထောက်အကူ ပြုလျက်ရှိကြောင်း သိရသည်။

ဂျီနီဗာ   သြဂုတ်  ၂၂

တောင်အာရှ၌ ဆယ်စုနှစ်များစွာ အတွင်း အဆိုးရွားဆုံး ရေလွှမ်းမိုးမှု ဒဏ်ကို လူပေါင်း၂၄ သန်းကျော် က ခံစားနေရကြောင်း ကမ္ဘာ့ ကြက်ခြေနီအဖွဲ့က သြဂုတ်  ၂၂  ရက်တွင် ပြော သည်။

Page 1172 of 1238