SJ WorldNews - шаблон joomla Авто

ငါ့သရောက်  သြဂုတ်  ၂၈

ဒေသခံ တောင်သူများအား လယ်ယာမြေ ဥပဒေ၊ နည်းဥပဒေများ အကြောင်း သိရှိလိုက်နာ ဆောင်ရွက် နိုင်စေရန် ရည်ရွယ်၍ အသိပညာပေး ဆွေးနွေးပွဲကို မန္တလေး တိုင်းဒေသကြီး ညောင်ဦးခရိုင် ငါ့သရောက်မြို့နယ် ကူတောကျေးရွာ ရွာလယ် ဓမ္မာရုံ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပသည်။

ပေါက် သြဂုတ် ၂၈

မကွေးတိုင်း ဒေသကြီး ပခုက္ကူခရိုင် ပေါက်မြို့ ဥပဒေရုံးနှင့် ဝန်ထမ်းအိမ်ရာ အဆောက်အအုံသစ် ဖွင့်ပွဲအခမ်းအနားကို အဆိုပါ အဆောက်အအုံသစ်တွင် ယမန်နေ့  နံနက် ၁၁ နာရီက ကျင်းပသည်။

နေပြည်တော်  သြဂုတ် ၂၈

သဘာဝဘေး လျော့ပါးရေး စေတနာ့ဝန်ထမ်း လူငယ်ဆင့်ပွား သင်တန်းအမှတ်စဉ် (၁/၂ဝ၁၇) သင်တန်းဖွင့်ပွဲ အခမ်းအနားကို နေပြည်တော် ကောင်စီနယ်မြေ ဒက္ခိဏခရိုင် ဇမ္ဗူသီရိမြို့နယ် အလျင်လိုကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ယနေ့ နံနက် ၉ နာရီခွဲတွင် ကျင်းပကြောင်း သိရသည်။

နေပြည်တော်  သြဂုတ် ၂၈

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံဆိုင်ရာ ပြန်လည်သုံးသပ်ခြင်းနှင့် ကြိုတင်ပြင်ဆင်ခြင်း စကားဝိုင်းဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲ တွင် နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်  ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

ပဲခူး  သြဂုတ်  ၂၈

ပဲခူးတိုင်းဒေသကြီး ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ်ကျောင်း ကျန်းမာရေးစံပြဆုရ အခြေ ခံ ပညာကျောင်းများ ဆုပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲတွင် ပဲခူးမြို့ မြို့တော်ခန်းမ၌ ကျင်း ပသည်။

မြိတ်   သြဂုတ်  ၂၈

အဆင့်မြင့် စက်ချုပ် သင်တန်း အမှတ်စဉ်(၄၇/၂ဝ၁၇)နှင့် အခြေခံအိမ်တွင်းမှုသင်တန်းအမှတ်စဉ်(၇၆/၂ဝ၁၇) သင်တန်းဖွင့်ပွဲကို

နေပြည်တော်  သြဂုတ် ၂၈

အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုခံရသော မောင်တောမြို့နယ် နယ်မြေ (၂) ရန်ကာစေတီ ကျေးရွာနေ ဒိုင်းနက် တိုင်းရင်းသား ၂၂ ဦးအနက် ငါးဦးသေဆုံးပြီး ၁၇ ဦး ကယ်တင်နိုင်ခဲ့ကြောင်း၊ အလားတူ အကြမ်း ဖက်သမားများ၏ အန္တရာယ်မှ တိမ်းရှောင် ပုန်းကွယ်နေခဲ့ရသော ဒိုင်းနက် တိုင်းရင်းသား ၃၈ ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဘေးကင်းလုံခြုံရာသို့ ကယ်ထုတ် ရွှေ့ပြောင်းပေးနိုင်ခဲ့ရာ စုစုပေါင်း  ၅၅ ဦးအား ကူညီကယ်ဆယ် နိုင်ခဲ့ ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး  သတင်းထုတ်ပြန်ရေး ကော်မတီ၏ ယနေ့ည ၈ နာရီခွဲတွင် ထုတ်ပြန်သော သတင်းထုတ်ပြန်ချက်အရ သိရသည်။

မြို့သစ်  သြဂုတ် ၂၈

ပုံတူ ဆေးရောင်ခြယ် ပြိုင်ပွဲကို စစ်ကိုင်းတိုင်း ဒေသကြီး တမူးခရိုင် မြို့သစ်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန ကလေးစာဖတ်ခန်း၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပသည်။

ရန်ကုန် သြဂုတ် ၂၈

ရန်ကုန်တိုင်းဒေသကြီး၌  ပြေးဆွဲလျက်ရှိသော ရန်ကုန်မြို့ပတ်ရထားသည် လက်ရှိတွင်  အမြတ်ဖြင့် ပြေးဆွဲနေခြင်းဖြစ်ကြောင်း မြန်မာ့မီးရထား စီးပွားရေးဌာန (အထွေထွေမန်နေဂျာ) ဦးအောင်မြင့်လှိုင်ထံမှ သိရသည်။

Page 1173 of 1254