SJ WorldNews - шаблон joomla Авто

ဟိုပုံး  သြဂုတ်   ၂၁

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဟိုပုံးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက   ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် ဟိုပုံးမြို့နယ် အတွင်းရှိ မြစိမ်းရောင် စီမံကိန်း ကျေးရွာ  ၁၁  ရွာသို့ ယနေ့ နံနက် ၁၁ နာရီခွဲတွင် ဟိုပုံးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာ နရုံး၌ မြစိမ်းရောင် ကျေးရွာစီမံကိန်း ရန်ပုံငွေ လွှဲပြောင်း ပေးအပ်ကြောင်း သိရသည်။

နေပြည်တော်  သြဂုတ်  ၂၁

ဒုတိယအကြိမ်   အမျိုးသားလွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး ၄၆ ရက်မြောက်နေ့ကို ယနေ့ နံ နက် ၁ဝ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌

ရန်ကုန် သြဂုတ်  ၂၁

UN Global Compact တွင် အရပ်ဘက် အဖွဲ့အစည်းများ   ပူးပေါင်းပါဝင်နိုင်ရေး အတွက်  အသိပညာပေး စည်းရုံးလှုံ့ဆော်မှု အဖြစ်  ပြည်ထောင်စုသမ္မတ  မြန်မာနိုင်ငံ ကုန်သည်များနှင့်

ရန်ကုန်  သြဂုတ်  ၂၁

၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်အတွင်း စားသုံးဆီ မက်ထရစ်တန်ချိန် စုစုပေါင်းခြောက်သိန်းကျော် ရန်ကုန်မြို့ရှိ ဆိပ်ကမ်းများမှ တင်သွင်းနိုင်ခဲ့ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်အဖွဲ့ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

နေပြည်တော်  သြဂုတ်  ၂၁

ဒုတိယ အကြိမ်ပြည်သူ့ လွှတ်တော် ပဉ္စမ ပုံမှန် အစည်းအဝေး ၄၇ ရက်မြောက်နေ့ကို ယနေ့နံနက် ၁ဝ နာရီ တွင် ကျင်းပသည်။ ငါန်းဇွန် မဲဆန္ဒနယ်မှ  ဦးမင်းသိန်း၏ ဒေသခံမဟုတ်သည့်

 ရန်ကုန် သြဂုတ် ၂၁

မြန်မာ-တောင်ကိုရီးယား ချစ်ကြည်ရေး ရန်ကုန်- ဒလမြစ်ကူးတံတား တည်ဆောက်ရေး စီမံကိန်း စတင်မည်ဖြစ်ရာ တံတား တည်ဆောက်မည့် စီမံကိန်း ဧရိယာအတွင်း ရှိ    အဆောက်အအုံများကို   အောက်တိုဘာ ၅ ရက်မှ နိုဝင်ဘာ ၅ ရက်အတွင်း  ဖယ်ရှားရမည်ဖြစ်ကြောင်း ဒလမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

ရန်ကုန် သြဂုတ် ၂၁

ဗိုလ်တထောင်စေတီ ဝင်ထွက်ပေါက်အနီးနှင့် စမ်းချောင်းမြို့နယ် ပြည်လမ်းရှိ မဟာမြိုင်မှတ်တိုင်အနီး၌   လူကူးခုံးကျော် တံတားသစ်နှစ်စင်းကို    ယခုဘဏ္ဍာနှစ်အတွင်း တည်ဆောက်မည်ဖြစ်ကြောင်း   ရန်ကုန်မြို့တော်   စည်ပင်သာယာရေး ကော်မတီ  အင်ဂျင်နီယာဌာန (လမ်း၊ တံတား)မှ  သိရသည်။

မြင်းမူ သြဂုတ် ၂၁

စစ်ကိုင်းတိုင်း ဒေသကြီး စစ်ကိုင်းခရိုင် မြင်းမူမြို့နယ်အတွင်း သြဂုတ် ဒုတိယပတ်မှ စ၍ ဧရာဝတီမြစ်ရေ တိုးလာသည်မှာ ယခုအခါ မြင်းမူမြို့၏ စိုးရိမ်ရေမှတ် ၁၁၅ဝ စင်တီမီတာ အထက် ၁ဝ စင်တီမီတာအထိ မြင့်တက်လာသောကြောင့် အနိမ့်ပိုင်း မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအချို့၌ ရေများ စတင် ဝင်ရောက်လျက် ရှိကြောင်း သိရသည်။

မြောက်ဦး သြဂုတ် ၂၁

ရခိုင်ပြည်နယ် မြောက်ဦးမြို့ ဌာနဆိုင်ရာ ဝန်ထမ်းများ စုပေါင်း၍ ဆွမ်းတော်ကြီး လောင်းလှူပွဲကို ရခိုင်ပြည်နယ် မြောက်ဦးမြို့ ရှေးဟောင်း သမိုင်းဝင် သျှစ်သောင်း ပုထိုးတော်ကြီး အတွင်း၌ ယမန်နေ့ ညနေ ၃ နာရီခွဲက ကျင်းပသည်။

Page 1174 of 1235