SJ WorldNews - шаблон joomla Авто

မော်လမြိုင်  သြဂုတ်  ၂၁

မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့ မြို့မ(၂)ရပ်ကွက်ရှိ ရာမညနိကာယ ဘုန်းကြီးကျောင်း၌ ယမန်နေ့ မွန်းလွဲပိုင်းက ၂၄  နာရီလျှပ်စစ်မီး ရရှိရေးအတွက် ညှိနှိုင်းအစည်းအဝေးပွဲ ကျင်းပသည်။

မြစ်ကြီးနား  သြဂုတ်  ၂၁

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်ရှိ အလင်းသက်သေ မိဘမဲ့ ဖွံ့ဖြိုးရေးဂေဟာသို့ ယနေ့ နံနက် ၈ နာရီတွင် ရွှေစည်တော် ပရဟိတ အသင်းမှ အစားအသောက်နှင့် ဆေးဝါးများ သွားရောက် လှူဒါန်းသည်။

ရေဖြူ  သြဂုတ်  ၂၁

အမျိုးသမီးများ အကြမ်းဖက် ခံရမှု ကာကွယ်ရေးနှင့် လူမှောင်ခို၊ လူကုန်ကူးမှုအကြောင်း အသိပညာပေး ဟောပြောပွဲ ကို ရေဖြူမြို့နယ်အတွင်းရှိ ရလိုင်ကျေးရွာအုပ်စု အခြေခံပညာ အထက်တန်းကျောင်းခွဲ၌ ယမန်နေ့ နံနက် ၁ဝ နာရီက ကျင်းပသည်။

ဖယ်ခုံ   သြဂုတ်  ၂၁

ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တော အသုံးပြုသူများအား ဆိုလာဘက်ထရီနှင့် စွမ်းအားမြင့် မီးဖိုပေးအပ်ပွဲ အခမ်း အနားကို ယမန်နေ့ နံနက် ၁ဝ နာရီက ဖယ်ခုံမြို့နယ် မိုးပြဲကျေးရွာအုပ်စု သစ်ယာထင်းရှူးကုန်း ကျေးရွာရှိ  စာသင်ကျောင်း၌ ကျင်းပသည်။

ထီးလင်း   သြဂုတ်  ၂၁

ထီးလင်းမြို့နယ် လူထုဗဟိုပြု စီမံကိန်း လုပ်ငန်း(ပထမနှစ်စက်ဝန်း) ကာလအတွင်း အကောင်းဆုံး အကောင်အထည် ဖော်ဆောင်ရွက်နိုင်ခဲ့သည့် ကျေးရွာအုပ်စုများနှင့် ကျေးရွာများမှ တာဝန်ရှိသူများအား ဆုပေးအပ်ပွဲကို ယမန်နေ့က အောင်သပြေခန်းမ၌ ကျင်းပသည်။

မြိတ်  သြဂုတ်  ၂၁

၁၃၇၉ ခုနှစ် ဗုဒ္ဓဘာသာ ယဉ်ကျေးမှု စာမေးပွဲတွင် မြိတ်မြို့နယ် စာစစ်ဌာနများမှ ဝင်ရောက်ဖြေဆိုကာ ထူးချွန်စွာ အောင်မြင်ခဲ့သော လူငယ်မောင်မယ်များအား အောင်လက်မှတ်နှင့် အထူးအောင်ဆုများ ပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက မြိတ်မြို့လေးကျွန်း ဆီမီးစေတီတော်၌ ကျင်းပသည်။

မော်လူး သြဂုတ် ၂၁

စစ်ကိုင်းတိုင်း ဒေသကြီး အင်းတော်မြို့နယ် မော်လူးဒေသ ပဲခူးကျေးရွာ၌ ပြည်သူအစုအဖွဲ့ပိုင် သစ်တောတည်ထောင် စိုက်ပျိုးအောင်မြင်သူများအား ပထမအကြိမ် အိမ်သုံးဆိုလာမီးနှင့် စွမ်းအားမြှင့် မီးဖိုများ ပေးအပ်ပွဲ အခမ်းအနားကို ယ မန်နေ့ နံနက် ၁ဝ နာရီက ကျင်းပသည်။

မင်းပြား သြဂုတ် ၂၁ 

ရခိုင်ပြည်နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မင်းပြား-ပေါက်တောလမ်း၊ ကျောက်တော်-ပလက်ဝလမ်းနှင့် အမ်းမြို့နယ်ရှိ တပ်တောင်-ရူးလမ်းစသော အသွားအလာများသည့် လမ်းများမှာ သြဂုတ်လ တတိယပတ်အတွင်း ဗွက်ထပြီးပျက်စီး နေသဖြင့် သွားလာရ ခက်ခဲလျက်ရှိနေကြောင်း ဒေသခံ များထံမှ သိရသည်။

ရန်ကုန်   သြဂုတ်   ၂၁

အာဆီယံဒေသအတွင်း အသိအမှတ်ပြု ကျွမ်းကျင်လက်မှတ်ထုတ်ပေးနိုင်မည့်  အထည်ချုပ် သင် တန်းကို ရန်ကုန်မြို့၌  ဖွင့်လှစ်ပို့ချပေးရန်  စီစဉ်လျက်ရှိကြောင်း

ရန်ကုန်   သြဂုတ်   ၂၁

ပြည်တွင်း၌   စက်သုံးဆီဈေးနှုန်းများကျဆင်း စေရန်  စက်သုံးဆီ ပင်ရင်းထုတ်လုပ်သည့်နိုင်ငံများမှ ဝယ်ယူ တင်သွင်းရန် စီစဉ်လျက် ရှိကြောင်း

Page 1175 of 1238