SJ WorldNews - шаблон joomla Авто

ရန်ကုန် သြဂုတ် ၂၅

အလုပ်သင် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၉) ကျောင်းဆင်း အရာရှိကြီးများက ရန်ကုန်တိုင်း ဒေသကြီး မင်္ဂလာဒုံ မြို့နယ် တပ်မတော် အရိုးရောဂါ အထူးကု ဆေးရုံကြီး ခုတင်- ၅ဝဝ ၌ ဆေးရုံ တက်ရောက် ကုသနေသော လူနာများအား ထောက်ပံ့ငွေနှင့် ဆေးပဒေသာပင် အလှူငွေ ပေးအပ်ခြင်းကို ယနေ့နံနက် ၉ နာရီတွင် အဆိုပါ ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

မန္တလေး  သြဂုတ်  ၂၅

မန္တလေးမြို့ လမ်း ၆ဝ ရှိ ပြည်ကြီးမျက်ရှင် မော်တော်ယာဉ် ရောင်းဝယ်ရေး စခန်းအတွင်းရှိ ယာဉ်ရပ်နားရာနေရာနှင့် လမ်းများ၌ မိုးရေများကြောင့် လမ်းပျက်စီးမှုများ ဖြစ်ပေါ်သည့်အတွက် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှကွန်ကရစ် ခင်းပေးမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင် သာယာရေး ကော်မတီဝင် ဦးကျော် ဇောအောင်ထံမှ သိရသည်။

ဝန်းသို သြဂုတ် ၂၅

စစ်ကိုင်းတိုင်း ဒေသကြီး ဝန်းသိုမြို့နယ် မကျည်းကုန်း ကျေးရွာနှင့် လည်ဦးကျေးရွာ တို့၌ ပထမအကြိမ် မြစိမ်းရောင် ရန်ပုံငွေ ထုတ်ချေးပွဲနှင့် တောင်သူပညာပေး ဆွေးနွေးပွဲကို ယမန်နေ့က ကျင်းပသည်။

မကွေးတိုင်းဒေသကြီး သမဝါယမ အသင်းချုပ်ရုံးရှေ့ နတ်မောက်လမ်းပေါ်မှ စီးဆင်းနေသောရေများ၊ မြင်သာလမ်း (၃ဝ) မှစီးဆင်းသော ရေများသည် ရေမြောင်းမရှိသောကြောင့် ရေစီးလမ်းကြောင်းအတိုင်း စီးဆင်းနေပါသည်။

ရန်ကုန် သြဂုတ် ၂၅

မြန်မာနိုင်ငံရှိ ကမ်းဝေးငါးဖမ်းလှေ အများစုသည် ကမ်းခြေမှ ၁ဝ မိုင်ဝန်းကျင်၌်သာ ငါးဖမ်းနေ၍ ရေမိုင် ၂ဝဝ ကျော်အထိ ငါးဖမ်းနိုင်ရန် ဆောင်ရွက်လျက် ရှိကြောင်း မြန်မာနိုင်ငံ ပင်လယ်ငါးဖမ်း လုပ်ငန်းရှင်များအသင်း တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

ရန်ကုန် သြဂုတ် ၂၅

ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ စက်ရုံအများစု၌ အလုပ်ရှင်နှင့် အလုပ်သမား ပြဿနာများ ရှိနေပြီး  အားနည်းချက် မရှိသည့် စက်ရုံမတွေ့ရကြောင်း ကွင်းဆင်း လေ့လာမှုများ ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေး ကော်မတီ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

ရန်ကုန် သြဂုတ် ၂၅

ရန်ကုန်မြို့ပတ် ရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်း စီမံကိန်းကို အမေရိကန်ဒေါ်လာ ၃ဝ၁ ဒသမ ၂၉ သန်း အသုံးပြု၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စီမံကိန်း ဆောင်ရွက်ရာတွင် မြို့ပတ်အရှေ့ခြမ်း အပိုင်း(၁) အနေဖြင့် ၇ ဒသမ ၂၅ မိုင်ဝေးကွာသော တညင်းကုန်း ဘူတာမှ  ပုရွက်ဆိတ်ကုန်း ဘူတာအထိ အပိုင်းကို ယခုနှစ် အောက်တိုဘာ ၁ ရက်တွင် စတင်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။

နေပြည်တော် သြဂုတ် ၂၅

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးထင်ကျော်၏ ဖိတ်ကြားချက်အရ ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး H.E. Mr. Nguyen Phu Trong သည် မြန်မာနိုင်ငံသို့ သြဂုတ် ၂၄ ရက်မှ ၂၆ ရက်အထိ တရားဝင် ချစ်ကြည်ရေးခရီး လာရောက်ခဲ့သည်။

ရန်ကုန် သြဂုတ် ၂၅

လာမည့်ဝါကျွတ် ကာလအတွက် မင်္ဂလာ ဝန်ဆောင်မှု လုပ်ငန်းများ ခေတ်မီလာစေရန်နှင့်  မြန်မာ့ရိုးရာ အမျိုးသမီး ဖက်ရှင်ဒီဇိုင်းများ ကမ္ဘာနှင့်ရင်ပေါင် တန်းနိုင်စေရန် ရည်ရွယ်၍ ဒုတိယအကြိမ် 2017 Wedding and Women's Fashion Fair ပြပွဲကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ဦးဝိစာရလမ်းရှိ တပ်မတော် ခန်းမ၌ ကျင်းပသည်။

ရန်ကုန် သြဂုတ် ၂၅

ပြည်တွင်းခရီးသွား လုပ်ငန်းများကို ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ တစ်နှစ် သက်တမ်းရှိ ယာယီ အသိအမှတ်ပြု လိုင်စင်များ ထုတ်ပေးမည် ဖြစ်ကြောင်း ပြည်တွင်း ဘုရားဖူးနှင့် ခရီးသွား ဝန်ဆောင်မှု အသင်းမှ သိရသည်။

Page 1180 of 1255