SJ WorldNews - шаблон joomla Авто

မုံရွာ  သြဂုတ် ၂ဝ

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ကန်သာယာအပန်းဖြေ ဥယျာဉ်အတွင်း အပတ်စဉ် တနင်္ဂနွေနေ့တိုင်း အလှမွေးငါးဈေးကို ဖွင့်လှစ်ရောင်းချပေးလျက် ရှိကြောင်း  သိရသည်။

တီးတိန် သြဂုတ် ၂ဝ

ချင်းပြည်နယ် ဖလမ်းခရိုင် တီးတိန်မြို့နယ်တွင် ၂ဝ၁၇ -၂ဝ၁၈ ဘဏ္ဍာနှစ်အတွင်း မြစိမ်းရောင်စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာကိုးရွာ၌ တီးတိန်မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူး ဦးဝုန့်ပြင်းထန်နှင့် ဝန်ထမ်းများက စီမံကိန်းအကြောင်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းများကို ယမန်နေ့ကဆောင်ရွက်ကြောင်း သိရသည်။

နေပြည်တော် သြဂုတ် ၂ဝ

စက်မှုလယ်ယာ ဦးစီးဌာနက ကြီးမှူး၍ ကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးခြင်း တောင်သူပညာပေး စိုက်ပျိုး သရုပ်ပြသမှုကို ယမန်နေ့ နံနက် ၈ နာရီက နေပြည်တော် ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ် ရေအေးကျေးရွာ ကွင်းအမှတ် ၂ဝ၅ဝ အဆင့်မြင့် လယ်ယာမြေကွင်း၌ ကျင်းပသည်။

နေပြည်တော် သြဂုတ် ၂ဝ

နေပြည်တော် ကောင်စီနယ်မြေ ပုဗ္ဗသီရိ မြို့နယ် မင်္ဂလာဒီပ ရပ်ကွက် မင်္ဂလာသီရိ ပတ္တာကျောင်းတိုက်ရှိ စိတ္တသုခ ဓမ္မဗိမာန်တော်၌ ယနေ့ နံနက် ၈ နာရီခွဲတွင် မျိုးဆက်သစ် ဓမ္မစကူး  အပတ်စဉ် ဗုဒ္ဓဘာသာ သင်တန်းကျောင်းတော် ဖွင့်ပွဲ အခမ်းအနား ကျင်းပကြောင်း သိရသည်။ ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ပြီး ကျည်တောင်ကန် တံခွန်တိုင်ကျောင်းတိုက် ဆရာတော် ဦးသောဘနနှင့် သီရိမင်္ဂလာ ပတ္တာကျောင်းတိုက် ဆရာတော် ဦးပညာဝံသ တို့က သြဝါဒစကား မြွက်ကြားသည်။

ရွှေဘို သြဂုတ် ၂ဝ

စစ်ကိုင်းတိုင်း ဒေသကြီး ရွှေဘိုခရိုင်အတွင်း ကျောက်မြောင်းမြို့နှင့် ခင်ဦးမြို့နယ် တို့တွင် ဧရာဝတီမြစ်ရေ ဝင်ရောက်သဖြင့် ပြောင်းရွှေ့ နေထိုင်ရသော အိမ်ထောင်စုများကို ခရိုင်စီမံ ခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးမောင်ထူး၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များက ယမန်နေ့က ထောက်ပံ့ရေး ပစ္စည်းများ သွားရောက် လှူဒါန်းကြောင်း သိရသည်။

မန္တလေး သြဂုတ် ၂ဝ

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မန္တလေးတိုင်း ဒေသကြီး မြန်မာနိုင်ငံ စာနယ်ဇင်း အဖွဲ့တို့မှ ကြီးမှူးကျင်းပသည့် ရေဒီယိုသတင်း တင်ဆက်ခြင်းနှင့် ထုတ်လွှင့်မှု အခြေခံ သင်တန်းကို မန္တလေးတိုင်း ဒေသကြီး ပြင်ဦးလွင်မြို့ ရပ်ကွက်(၁၂)ရှိ ရွှေထက် မိုတယ်၌ ယမန်နေ့ နံနက် ၉ နာရီက ကျင်းပသည်။

ပျော်ဘွယ် သြဂုတ် ၂ဝ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ လူထုဗဟိုပြု စီမံကိန်းနှင့် ကျေးရွာပြည်သူများ စုပေါင်း လှူဒါန်းငွေတို့ဖြင့် ဆောင်ရွက်ခဲ့သည့် မန္တလေးတိုင်း ဒေသကြီး ပျော်ဘွယ်မြို့နယ် ရန်အောင်ကျေးရွာ ကျေးရွာတွင်း ကတ္တရာ လမ်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက အဆိုပါ ကျေးရွာ၌ ကျင်းပသည်။

လားရှိုး  သြဂုတ်  ၂ဝ

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့ လားရှိုးပညာရေး ကောလိပ် ပင်မဆောင်ရှေ့ကွင်း၌ ယနေ့ နံနက် ၇ နာရီတွင် အမှတ်တရ စုပေါင်းသစ်ပင် စိုက်ပျိုးပွဲ ကျင်းပသည်။

မြစ်ကြီးနား  သြဂုတ်  ၂ဝ

မြစ်ကြီးနား တက္ကသိုလ် ကချင်တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှု ကော်မတီ မောင်မယ်သစ်လွင် ကြိုဆိုပွဲကို အဆိုပါ တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီက ကျင်းပကြောင်း သိရသည်။

ပဲခူး  သြဂုတ်  ၂ဝ

ပဲခူးမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း သီရိပညာခန်းမ၌ ယနေ့ နံနက် ၁ဝ နာရီတွင် ပဲခူးတိုင်းဒေသကြီး ယာဉ်လုပ်ငန်းများ ကြီးကြပ်ရေး ကော်မတီမှ ကြီးမှူးပြီး ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ကြသော တိုင်းဒေသကြီး/ခရိုင်/ မြို့နယ် ယာဉ်လုပ်ငန်းများ ကြီးကြပ်ရေး ကော်မတီဝင် များ၊ ယာဉ်ပိုင်ရှင်များ၊ ဂိတ်မှူးများ၊ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များ၏ သားသမီးများအား ပညာရည်ချွန် ဂုဏ်ပြု ချီးမြှင့်ခြင်း အခမ်းအနား ကျင်းပကြောင်း သိရသည်။

Page 1194 of 1252