SJ WorldNews - шаблон joomla Авто

ရန်ကုန်မြို့၌ ခရီးသွား ပြည်သူများ နေ့စဉ်တွေ့ကြုံ နေရသော အခက်အခဲ တစ်ခုမှာ  ယာဉ်ကြော ကျပ်တည်းမှုပင်ဖြစ်သည်။ ခရီးသွား ပြည်သူဟု ဆိုရာ၌ ဈေးရောင်း၊ ဈေးဝယ်၊ ကိုယ်ရေး ကိစ္စများဖြင့် ခရီးသွားလာနေသူ များသာမက ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် အရေးပေါ် လူနာတင်ယာဉ် များပါမကျန် ယာဉ်ကြော ပိတ်ဆို့မှုကြောင့် သွားလာရေး အခက်အခဲများ တွေ့ကြုံရလျက် ရှိသူများဖြစ်သည်။

နေပြည်တော်   သြဂုတ်  

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး ၄ဝ ရက်မြောက်နေ့ကို ယနေ့ နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမဆောင်၌

မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်သော နိုင်ငံတကာ ခရီးသွား ဧည့်သည်များ လက်တွင် အမြတ်တနိုး ဝယ်ယူဆင် မြန်းလာသော လက်ဝတ်ရတနာ အနုလက်ရာများကို တွေ့နိုင်သည်။ ထိုလက်ဝတ်ရတနာမှာ ကျောက်စိမ်း အနုလက်ရာလက်မှု အထည်များပင် ဖြစ်သည်။ မန္တလေးမြို့နှင့် အနီးတစ်ဝိုက် သမိုင်းဝင် နေရာများတွင် ကျောက်စိမ်း လက်ဝတ် အထည်များကို ရောင်းချလေ့ရှိသည်။ ကျောက်စိမ်း လက်ဝတ်ရတနာ အ ထည်များမှာ လှပပြီး ဆွဲဆောင်မှုရှိသည်။

မြင်းခြံ  သြဂုတ်  

အင်္ဂလိပ်စာ စွမ်းရည်မြှင့် သင်တန်းဆင်းပွဲကို မန္တလေးတိုင်း ဒေသကြီး မြင်းခြံခရိုင် မြင်းခြံမြို့ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရုပ်သံခန်းမ၌ ယမန်နေ့ နံနက် ၈ နာရီက ကျင်းပသည်။

ပလိပ် သြဂုတ် ၇

မန္တလေးတိုင်း ဒေသကြီး ပလိပ်မြို့နယ်၌ တောင်သူများအတွက် အကျိုးရှိစေမည့် အပင်ဖျက် ပိုးများကို နှိမ်နင်းနိုင်သော နကျယ်ကောင်များအား မွေးမြူရေးခြံ ပြုလုပ်ကာ မွေးမြူ ထားကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ သိရသည်။

ပဲခူး   သြဂုတ်  

ပဲခူးတိုင်းဒေသကြီး စစ်တောင်းမြစ်ဝဒေသသယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှုကော်မတီ အစည်း အဝေး ကို  ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး တော်ဝင်ဟံသာခန်းမ၌ ယနေ့နံနက် ၁ဝ နာရီ တွင် ကျင်းပသည်။

နေပြည်တော်  သြဂုတ်  

နေပြည်တော် ကောင်စီနယ်မြေ ဥတ္တရခရိုင် ပုဗ္ဗသီရိမြို့နယ် နေပြည်တော်ဘူတာကြီးဝင်းအတွင်း ခရီးသွားလာကြမည့် ပြည်သူများအား ရာသီတုပ်ကွေးရောဂါ H1N1 ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်း များဝေ ငှပေးခြင်းနှင့် ပညာပေး ဟောပြောခြင်းကို ယမန်နေ့ ည ၇  နာရီခွဲက ခရိုင်ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ ပူးပေါင်း၍ ဆောင်ရွက်ကြောင်း သိရသည်။

ခင်ဦး  သြဂုတ်  

စစ်ကိုင်းတိုင်း ဒေသကြီး ရွှေဘိုခရိုင် ခင်ဦး မြို့ပေါ်ရှိ ဆေးဆိုင် ခုနစ်ဆိုင်အား သတ်မှတ်ချက်နှင့်အညီ ရောင်းချခြင်းရှိ၊ မရှိ မြို့နယ် အစားအစာနှင့် ဆေးဝါးကြီးကြပ်မှု ကော်မတီမှ တာဝန်ရှိသူများက ယနေ့တွင် ကွင်း ဆင်း စစ်ဆေးသည်။

မုံရွာ သြဂုတ်  

စစ်ကိုင်းတိုင်း ဒေသကြီး အတွင်းရှိ ကျေးရွာများသို့ ထင်းအစားထိုး အခြားလောင်စာများဖြင့် တွဲဖက် အသုံးပြုနိုင်သည့် စွမ်းအားမြှင့် မီးဖို ၁၁၂၈ဝ လုံးကို ၂ဝ၁၇ -၂ဝ၁၈ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီး အပူပိုင်းဒေသ စိမ်း လန်းစိုပြည်ရေး ဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် အခမဲ့ ဖြန့်ဝေပေးသွားမည် ဖြစ်သည်။

ရန်ကုန် သြဂုတ် ၇

ရွှေတိဂုံ စေတီတော် ဂေါပက အဖွဲ့မှ ကြီးမှူးကျင်းပသည့် မေတ္တာ အခါတော်နေ့ ပန်းပေါင်း ၈၄ဝဝဝ ဖြင့် ပြုလုပ်ထားသော ပန်းစေတီ ပူဇော်ပွဲနှင့် သီလခံယူပွဲကို ယနေ့ နံနက်ပိုင်းတွင်   ရွှေတိဂုံ စေတီတော် ရင်ပြင်တော်ရှိ သတ်မှတ်နေရာ အသီးသီး၌  ကျင်းပသည်။

Page 1217 of 1235