SJ WorldNews - шаблон joomla Авто

ကျောင်းသား၊ ကျောင်းသူများနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများအား H1N1 ရောဂါနှင့် သွေးလွန်တုပ်ကွေး ရောဂါအကြောင်း ကျန်းမာရေး ဟောပြော ဆွေးနွေး

Thursday, 03 August 2017 15:52 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   သြဂုတ်   ၂

ရခိုင်ပြည်နယ်၊  အမ်းမြို့ရှိ  အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်မြေခံ ဆေးတပ်ရင်းနှင့် အမ်းမြို့ရှိ ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းထားသော ဆေးကုသရေးအဖွဲ့က ရာသီတုပ်ကွေး ရောဂါံ H1N1 နှင့်ပတ်သက်၍ ကျန်းမာရေး အသိပညာပေး ဟောပြောပွဲကို ယနေ့နေ့လယ်ပိုင်းတွင် အဆိုပါကျောင်းရှိ ဘုရင့်နောင်ခန်းမ၌ ပြုလုပ်ရာ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မောင်မောင်စိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ နယ်မြေခံဆေးတပ်ရင်းမှ ဗိုလ်မှူး ဇော်ဇော်အောင်က ကူးစက်မြန် ရာသီတုပ်ကွေး H1N1 ရောဂါနှင့် တုပ်ကွေးရောဂါ အကြောင်း၊ အမ်းမြို့၊  မွေးမြူရေးနှင့် ကုသရေးဌာနမှ ဒေါက်တာခန့်သူထွန်းက တိရစ္ဆာန်မှလူသို့ ကူးစက်တတ်သောရောဂါများ အကြောင်းတို့ကို ဟောပြောဆွေးနွေးပြီး   အမ်းမြို့၊  ဆေးရုံအုပ်ကြီး ဒေါက်တာတင်အောင်ဝင်းက ဖြည့်စွက်ဆွေးနွေးသည်။

ထို့နောက် တိုင်းမှူးက အမှာစကားပြောကြားပြီး ကျောင်းသား၊ ကျောင်းသူများအတွက် ပညာရေးဆိုင်ရာ အထောက်အကူပြု စာအုပ်များ ပေးအပ်လှူဒါန်းသည်။

ထို့ပြင် ယနေ့နံနက်ပိုင်းကလည်း နယ်မြေခံ ဆေးတပ်ရင်းနှင့် အမ်းမြို့ရှိ ကျန်းမာရေး ဦးစီးဌာနတို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် အမ်းတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား ကူးစက်မြန်ရာသီတုပ်ကွေး H1N1 ရောဂါနှင့် သွေးလွန်တုပ်ကွေး ရောဂါအကြောင်း သိ ကောင်းစရာများ ကျန်းမာရေး အသိပညာပေး ဟောပြောဆွေးနွေးပွဲကို တိုင်းစစ်ဌာနချုပ်ရှိ အမ်းတောင်ခန်းမ၌ ပြုလုပ်ရာ တိုင်းမှူးနှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိ သည်။

Read 321 times Last modified on Friday, 04 August 2017 08:57