SJ WorldNews - шаблон joomla Авто

ကျောက်ကြီးမြို့နယ်၊ မူသဲကျေးရွာရှိ ဒေသခံတိုင်းရင်းသားပြည်သူများအား ကျန်းမာရေး စောင့် ရှောက်မှု လုပ်ငန်းများဆောင်ရွက်

Sunday, 10 December 2017 08:43 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဒီဇင်ဘာ 

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ မူသဲကျေးရွာရှိ ဒေသခံတိုင်းရင်းသားပြည်သူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ဒီဇင်ဘာ ၈ ရက် နံနက်ပိုင်းတွင် အဆိုပါကျေး ရွာအခြေခံပညာ မူလ တန်း လွန်ကျောင်း၌ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်လှည့် ဆေးကုသရေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် အရေပြား ရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ငှက်ဖျားရောဂါ၊ အဆုတ်ရောင် ရောဂါနှင့် အထွေထွေ ရောဂါဝေဒနာရှင် စုစုပေါင်း ၁၁၈ ဦးကို လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသမှု များဆောင် ရွက်ပေးပြီးဆေးရုံတက်ရောက် ကုသရန် လိုအပ် သော လူနာ များအား တောင်ငူမြို့ရှိ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင် ရွက် ပေးသည်။

ယင်းသို့ ဆောင်ရွက်ပေးမှုများကို တိုင်းမှူး ဗိုလ်ချုပ်မြတ်ကျော်နှင့် အဖွဲ့ဝင်များက သွား ရောက်ကြည့်ရှု အားပေးပြီး ဒေသခံပြည်သူ များနှင့် ဘာသာရေးခေါင်းဆောင်များအတွက် စား သောက် ဖွယ်ရာများနှင့် အလှူငွေ များကို လည်းကောင်း၊ ကျောင်းသား၊ ကျောင်းသူများ အတွက် ဗလာစာအုပ်နှင့် ကျောင်းသုံး စာရေးကိရိယာများကိုလည်းကောင်း အသီးသီး ပေးအပ်သည်။

ထို့နောက် ကျေးရွာရှိ ရန်ငြိမ်းသာယာ ထေရဝါဒ ဗုဒ္ဓ သာသနာပြုဘုန်းတော်ကြီးကျောင်း ဆရာ တော်ဘဒ္ဒန္တကေ သရအား ဖူးမြော်၍ သင်္ကန်းနှင့် နဝကမ္မ အလှူငွေများ ပေးအပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။                            

Read 219 times Last modified on Sunday, 10 December 2017 08:46