SJ WorldNews - шаблон joomla Авто

လွယ်လုံပညာဗောဓိပရဟိတကျောင်း၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်

Sunday, 10 December 2017 08:47 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဒီဇင်ဘာ 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ဘုရားဖြူရပ်ကွက်၊ လွယ်လုံပညာဗောဓိပရ ဟိတ ကျောင်း ရှိ ရှင်သာမဏေများနှင့် ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက်ပိုင်းတွင် အဆိုပါကျောင်း၌ အရှေ့ပိုင်းတိုင်းစစ် ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့က ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် သွားနှင့် ခံတွင်းဆိုင်ရာရောဂါ၊ နား/နှာခေါင်း/လည် ချောင်းရောဂါ နှင့် အထွေထွေရောဂါဝေဒနာရှင်ရှင်သာမဏေ ၉၈ ပါးနှင့် ကျောင်းသား၊ ကျောင်းသူ ၂၇၅ ဦးတို့ကို လိုအပ်သည့် ကျန်းမာရေး စစ်ဆေး ကုသမှုများ ဆောင်ရွက်ပေးသည်။

ယင်းသို့ဆောင်ရွက်ပေးမှုများကို တိုင်းမှူးဗိုလ်ချုပ် ဝင်းမင်းထွန်းနှင့် အဖွဲ့ဝင်များက သွား ရောက်ကြည့် ရှု အားပေးပြီး ဆရာတော် ဘဒ္ဒန္တသီရိ ဓမ္မအား ဖူးမြော်၍ ဆွမ်းဆန်တော်၊ ဆီ၊ သင်္ကန်းနှင့် လှူဖွယ် ပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

Read 300 times