SJ WorldNews - шаблон joomla Авто

သန်လျင်မြို့နယ်၊ မင်္ဂလွန်းကျေးရွာ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

Sunday, 10 December 2017 08:57 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဒီဇင်ဘာ 

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ မင်္ဂလွန်းကျေးရွာ၊ ဘာဝနာရာ မရွှေကျင် ကျောင်းတိုက်ရှိ သံဃာတော်များနှင့် မင်္ဂလွန်းကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံ ပြည်သူ များအား ယနေ့နံနက်ပိုင်းတွင် ရန်ကုန် တိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါကျောင်းတိုက်၌  ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် သွားရောဂါ၊မျက်စိရောဂါ၊ ခွဲစိတ်ရောဂါ၊ ကလေးရောဂါ၊ သားဖွား/မီး ယပ်ရောဂါနှင့် အထွေထွေရောဂါဝေဒနာရှင် သံဃာတော်ခြောက်ပါးနှင့်ဒေသခံ ပြည် သူ ၃၁၇ ဦးတို့ကို လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသမှုများဆောင်ရွက်ပေးသည်။

ထို့ပြင် လှည်းကူးမြို့နယ်၊ အုန်းနှဲကျေးရွာရှိ လှည်းကူး ပညာရေးကောလိပ်၊ လေ့ကျင့်ရေး အလယ်တန်းကျောင်းဝင်း အတွင်း အင်းတိုင်တပ်နယ်မှ တပ်မတော်သားများက ချုံနွယ် ပေါင်းမြက်များ ခုတ်ထွင်ရှင်း လင်းခြင်းနှင့် အမှိုက်များ ရှင်းလင်းခြင်းတို့ကိုစုပေါင်းဆောင်ရွက် ပေးသည်။ အလားတူ မှော်ဘီမြို့နယ်၊ အောက်ဝါးနက်ချောင်းကျေးရွာ အုပ်စုရှိ ဓမ္မဒူတဇေတဝန်တောရ ဆေကိန္ဒာရာမကျောင်းတိုက် အတွင်းနှင့် အပြင်တို့တွင် မှော်ဘီ တပ် နယ်မှ တပ်မတော်သားများက ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် အမှိုက်များရှင်းလင်းခြင်း တို့ကို   စုပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Read 239 times Last modified on Sunday, 10 December 2017 09:00