SJ WorldNews - шаблон joomla Авто

စစ်ဦးစီး အရာရှိချုပ်(ရေ ) ဗိုလ်ချုပ် မိုးအောင် ရုရှား စစ်ရေယာဉ်သို့ သွားရောက်လေ့လာ

Sunday, 10 December 2017 09:31 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဒီဇင်ဘာ ၉

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်သို့ ချစ်ကြည်ရေး အလည်အပတ် ခရီးရောက်ရှိ နေသော ရုရှား ရေတပ် ပစိဖိတ်ရေယာဉ်စုမှစစ်ရေယာဉ် Admiral Panteleev ပေါ်သို့ဒီဇင်ဘာ ၈ ရက် ညနေပိုင်းတွင် စစ်ဦးစီး အရာရှိ ချုပ်(ရေ) ဗိုလ်ချုပ်မိုးအောင်နှင့်အဖွဲ့ဝင်များက သွား ရောက်ကြည့် ရှုလေ့လာကြရာစစ်ရေယာဉ် အဖွဲ့ခေါင်းဆောင်ဖြစ်သူ Admiral Eduard E.Mikhaylov နှင့် တာဝန်ကျတပ်ဖွဲ့တို့က ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် စစ်ဦးစီး အရာရှိချုပ်(ရေ)နှင့် အဖွဲ့ဝင်များအား စစ်ရေယာဉ် အဖွဲ့ခေါင်းဆောင်က လိုက်လံရှင်း လင်းပြသပြီး အမှတ်တရ စုပေါင်း ဓာတ်ပုံရိုက်ကြသည်။ ယင်းနောက် စစ်ရေယာဉ် ပေါ်၌ပြုလုပ်သည့် ညစာစားပွဲသို့ တက်ရောက် ခဲ့ကြောင်း သတင်း ရရှိသည်။

Read 295 times Last modified on Sunday, 10 December 2017 09:34