SJ WorldNews - шаблон joomla Авто

ပြည်မြို့ ၊ အောင်ဆန်းပြည်သာယာရပ်ကွက်၌ ကျန်းမာရေးစောင့် ရှာက်မှု လုပ်ငန်းများ ဆောင်ရွက်

Sunday, 10 December 2017 09:36 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဒီဇင်ဘာ ၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ အောင်ဆန်းပြည်သာယာရပ်ကွက်ရှိ ရတနာမဉ္ဇူရီသီလရှင် သင်ပညာ ရေးကျောင်းမှ ကျောင်းသား၊ကျောင်းသူများအား ယနေ့နံ နက်ပိုင်းတွင် အဆိုပါ ကျောင်း၌ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်လှည့် ဆေးကုသရေး အဖွဲ့က ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် အရိုး/အကြောရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ အရေပြား ရောဂါ၊ သွေးတိုးရောဂါ၊နှလုံးရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ သားဖွား/ မီးယပ်ရောဂါ ဝေဒနာ ရှင် စုစုပေါင်း ၃၄၂ ဦးတို့ကို လိုအပ်သည့်ကျန်းမာရေးစစ်ဆေးကုသမှု များဆောင် ရွက် ပေးပြီး ဆေးရုံ တက်ရောက် ကုသရန်လိုအပ်သော လူနာ ၁၂ ဦးအား ပြည်မြို့ရှိ တပ်မတော် ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။

ထို့ပြင် ရေတာရှည်မြို့နယ်၊ ဆွာမြို့၊ အုတ်တွင်းမြို့၊ သံတောင်ကြီးမြို့၊ ကျောက်ကြီးမြို့နှင့် အင်း မမြို့ တို့ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် စာသင်ကျောင်းများ၌ သက်ဆိုင်ရာ တပ်နယ် အသီးသီးမှ တပ်မတော်သားများက စုပေါင်းသန့်ရှင်းရေး လုပ်ငန်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။

Read 283 times Last modified on Sunday, 10 December 2017 09:38