SJ WorldNews - шаблон joomla Авто

၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ်တွင် ပညာသင်ကြားလျက် ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား အနွေးဝတ်အင်္ကျီများ ပေးအပ်

Monday, 11 December 2017 08:31 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   ဒီဇင်ဘာ   ၁ဝ

အနောက်မြောက်တိုင်း စစ်ဌာနချုပ်ရှိ ၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ်တွင် ပညာသင်ကြားလျက်ရှိသော မိသားစုဝင် ကျောင်းသား၊ ကျောင်းသူများအား အနွေးဝတ်အင်္ကျီများပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် ဇေယျာသီရိခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်ဖုန်းမြတ်၊ တပ်မတော်အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကား ပြောကြားပြီး တိုင်းမှူးနှင့် အဖွဲ့ဝင်များက ၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ် မူလတန်း၊ အလယ်တန်း၊ အထက်တန်းတွင် ပညာသင်ကြားလျက်ရှိသည့်  မိသားစု ဝင်ကျောင်းသား၊ ကျောင်းသူများအား အနွေးဝတ်အင်္ကျီများ ပေးအပ်ခဲ့ကြောင်း   သတင်း ရရှိသည်။ 

Read 316 times Last modified on Monday, 11 December 2017 08:32