SJ WorldNews - шаблон joomla Авто

ဒီဇင်ဘာ အားကစားလ (စတုတ္ထပတ်) စုပေါင်း လမ်းလျှောက်ပွဲများ ကျင်းပပြုလုပ်

Monday, 25 December 2017 09:00 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဒီဇင်ဘာ  ၂၄

၂ဝ၁၇ ခုနှစ်၊  ဒီဇင်ဘာအားကစားလ (စတုတ္ထပတ်) စုပေါင်း လမ်းလျှောက်ပွဲများကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် အသီးသီးရှိ တပ်နယ်များ၌ ကျင်းပပြုလုပ်ကြသည်။

ထိုသို့စုပေါင်း လမ်းလျှောက်ပွဲများ ကျင်းပပြုလုပ်ရာတွင် နေပြည်တော်တိုင်း စစ်ဌာနချုပ် ပုဗ္ဗသီရိတပ်နယ်၏ စုပေါင်းလမ်းလျှောက်ပွဲကို နယ်မြေခံ တပ်အားကစားကွင်း၌ လည်းကောင်း၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် မြစ်ကြီးနားတပ်နယ်၏ စုပေါင်းလမ်းလျှောက်ပွဲကို တိုင်းစစ်ဌာနချုပ် အားကစားကွင်း၌လည်းကောင်း၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် လားရှိုးတပ်နယ်၏ စုပေါင်းလမ်းလျှောက်ပွဲကို တိုင်းစစ်ဌာနချုပ် အားကစားကွင်း၌ လည်းကောင်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တောင်ကြီးတပ်နယ်၏  စုပေါင်းလမ်းလျှောက်ပွဲကို တိုင်းစစ်ဌာနချုပ်   အားကစားကွင်း၌ လည်းကောင်း၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ခိုလမ်တပ်နယ်၏ စုပေါင်းလမ်းလျှောက်ပွဲကို တိုင်းစစ်ဌာနချုပ်   အားကစားကွင်း၌ လည်းကောင်း၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ်၊ ကျိုင်းတုံတပ်နယ်၏  စုပေါင်းလမ်းလျှောက်ပွဲကို တပ်နယ်အားကစားကွင်း၌ လည်းကောင်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် မော်လမြိုင်တပ်နယ်၏ စုပေါင်းလမ်းလျှောက်ပွဲကို ရွှေနတ်တောင်  အားကစားကွင်း၌ လည်းကောင်း၊ ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်   မြိတ်တပ်နယ်၏ စုပေါင်းလမ်းလျှောက်ပွဲကို တိုင်းစစ်ဌာနချုပ် အားကစားကွင်း၌ လည်းကောင်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်၏  စုပေါင်းလမ်းလျှောက်ပွဲကို တပ်နယ်အသီးသီးရှိ အားကစားကွင်းများ၌ လည်းကောင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် ပုသိမ်တပ်နယ်၏ စုပေါင်းလမ်းလျှောက်ပွဲကို တိုင်းစစ်ဌာနချုပ်အဝင်လမ်းဆုံ၌ လည်းကောင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် အမ်းတပ်နယ်၏ စုပေါင်းလမ်းလျှောက်ပွဲကို တိုင်းစစ်ဌာနချုပ် အားကစားကွင်း၌ လည်းကောင်း၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်   မုံရွာတပ်နယ်၏  စုပေါင်းလမ်းလျှောက်ပွဲကို   တိုင်းစစ်ဌာနချုပ် အားကစားကွင်း၌ လည်းကောင်း၊  အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် မန္တလေးတပ်နယ်၏ စုပေါင်းလမ်းလျှောက်ပွဲကို တိုင်းစစ်ဌာနချုပ်  ရန်အောင်မြင်ခန်းမရှေ့၌ လည်းကောင်း၊  တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တောင်ငူတပ်နယ်၏ စုပေါင်းလမ်းလျှောက်ပွဲကို တိုင်းစစ်ဌာနချုပ် အေးချမ်းဖြိုးခန်းမရှေ့၌ လည်းကောင်း    အသီးသီး ကျင်းပပြုလုပ်ကြရာ တိုင်းမှူးများ၊ တိုင်းစစ်ဌာနချုပ်မှ       တပ်မတော်အရာရှိကြီးများ၊ တပ်ရင်း/တပ်ဖွဲ့မှူးများနှင့် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ ပါဝင်ဆင်နွှဲကြပြီး သတ်မှတ်နေရာများတွင် စုပေါင်း ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းများ ဆောင်ရွက်ခဲ့ကြသည်။
အလားတူ   ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) ရုံး/ဌာနများ၏ ဒီဇင်ဘာ အားကစား လ(စတုတ္ထပတ်)  စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)ရုံး/ဌာနများမှ အရာရှိ၊ စစ်သည်၊ မိသားစုများ ပါဝင်ဆင်နွှဲကြပြီး ကိုယ်လက်ကြံ့ခိုင်ရေးများ စုပေါင်း ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။

 

Read 320 times Last modified on Monday, 25 December 2017 09:20