SJ WorldNews - шаблон joomla Авто

တာချီလိတ်မြို့၊ ငွေတောင်ဦးကမ္မဋ္ဌာန်း ကျောင်းတိုက်ဆရာတော် သက်တော် ၆၆ နှစ်ပြည့် ဝိဇာတမွေးနေ့ မင်္ဂလာနှင့်နဂါးနှစ်ကောင် ကျောင်းတိုက်တွင် (၅ဝ)ကြိမ်မြောက် မြို့လုံးကျွတ် ပရိယတ္တိသာသနာ့ပါလ စာမေးပွဲအောင် သံဃာတော်များအား အောင်လက်မှတ်နှင့် ဆုများ ဆက်ကပ်လှူဒါန်း

Monday, 25 December 2017 09:25 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   ဒီဇင်ဘာ  ၂၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ငွေတောင်ဦး ကမ္မဋ္ဌာန်းကျောင်းတိုက် ဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတ၊ မဟာကမ္မဋ္ဌာနာစရိယ ဒေါက်တာ ဘဒ္ဒန္တဝိရောစန၏ သက်တော် ၆၆ နှစ်ပြည့် ဝိဇာတမွေးနေ့ မင်္ဂလာအား ဒီဇင်ဘာ ၂၃ ရက် နံနက်ပိုင်းတွင် တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက်ရှိ အဆိုပါကျောင်းတိုက်၌ပြုလုပ်ရာ တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး   ဗိုလ်ချုပ်အောင်ဇော်အေးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊    ဒေသခံတိုင်းရင်းသားပြည်သူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ထို့နောက် တိုင်းမှူးနှင့် အလှူရှင်များသည် ငွေတောင်ဦး ကမ္မဋ္ဌာန်းကျောင်းတိုက်ဆရာတော်အား ဆွမ်းဆန်၊ ဆီ၊ သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြသည်။
ဆက်လက်ပြီး တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်ရှိ နဂါးနှစ်ကောင်ကျောင်းတိုက်တွင် ပြုလုပ်သည့် (၅ဝ)ကြိမ်မြောက်၊ တာချီလိတ် မြို့လုံးကျွတ် ပရိယတ္တိသာသနာ့ပါလ စာမေးပွဲအောင် သံဃာတော်များအား အောင်လက်မှတ်နှင့်ဆုများ   ဆက်ကပ်လှူဒါန်းခြင်းကို ဒီဇင်ဘာ ၂၃ ရက် နေ့လယ်ပိုင်းတွင် အဆိုပါကျောင်းတိုက်၌ပြုလုပ်ရာ တိုင်းမှူးနှင့် တာဝန်ရှိသူများက တက်ရောက်ကြပြီး နဂါးနှစ်ကောင်ကျောင်းတိုက် ဆရာတော် နိုင်ငံတော်သြဝါဒါစရိယ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဓမ္မသီရိထံမှ ငါးပါးသီလ ခံယူဆောက်တည်ကာ သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် ပရိယတ္တိသာသနာ့ပါလ စာမေးပွဲအောင် သံဃာတော် ၁၈၂ ပါးအားနဂါးနှစ်ကောင်ကျောင်းတိုက် ဆရာတော်၊ တိုင်းမှူးနှင့်တာဝန်ရှိသူများက အောင်လက်မှတ်နှင့် ဆုများ ဆက်ကပ်လှူဒါန်းကြပြီး တိုင်းမှူးနှင့်အလှူရှင်များက  သံဃာတော်များအား  ဆွမ်းဆန်စိမ်းများ လောင်းလှူခဲ့ကြကြောင်း သတင်း ရရှိသည်။

Read 354 times Last modified on Monday, 25 December 2017 09:36