SJ WorldNews - шаблон joomla Авто

ပြည်ကြီး တံခွန်မြို့ရှိ ကလေးများ စောင့်ရှောက်ရေး ကျောင်းနှင့် အမှတ်(၂၂) ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းရှိ ကလေးများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

Thursday, 03 August 2017 16:02 font size decrease font size decrease font size increase font size increase font size

နေပြည်တော်    သြဂုတ်  ၂

မန္တလေးတိုင်း ဒေသကြီး၊ ပြည်ကြီးတံခွန်မြို့ရှိ အဝါရောင်မျိုးဆက်သစ် လူငယ်ပရဟိတ အသင်း၏ ကလေးများ စောင့် ရှောက်ရေးကျောင်းနှင့် အမှတ်(၂၂)ဘုန်းတော်ကြီးသင် ပညာရေးကျောင်းရှိ ကလေးများအား ယနေ့နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်လှည့်ဆေးကု သရေး အဖွဲ့က အဆိုပါကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ခွဲစိတ်ကုသမှု ဆိုင်ရာရောဂါ၊ ကလေးရောဂါ၊ မျက်စိရောဂါ၊ နား/နှာခေါင်း/ လည်ချောင်း ရောဂါ၊ သွားနှင့်ခံတွင်း ရောဂါနှင့် အထွေထွေရောဂါ ဝေဒနာရှင် ကလေး ၂၂၄ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများနှင့် အီးစီဂျီစက်ဖြင့် နှလုံးစစ်ဆေးခြင်း၊ အာထ ရာဆောင်း စစ်ဆေးခြင်း၊ သွေးဖောက် စစ်ဆေးခြင်း စသည့် ရောဂါ ရှာဖွေစမ်းသပ် ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ကျောင်းရှိ အိပ်ဆောင်များ၊ စာသင်ဆောင်များနှင့် ခြင်၊ ယင်ခို အောင်းနိုင်သော နေရာများ၌ ခြင်ဆေးဖျန်းခြင်းများ ဆောင်ရွက်ပေးသည်။

ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူး ဗိုလ်ချုပ် ဝင်းဗိုလ်ရှိန်နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ ကျောင်းသား၊ ကျောင်းသူများအား ဗီတာမင်အားဆေးများ တိုက်ကျွေးသည်။ ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် အဆိုပါ ကျောင်းဆရာတော် ဘဒ္ဒန္တဓမ္မနန္ဒအား ဖူးမြော်၍ အလှူငွေကျပ် ၁ဝ သိန်းနှင့် စားသောက်ဖွယ်ရာများ ဆက်ကပ်လှူ ဒါန်းရာဆရာတော်က ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည် ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

Read 422 times Last modified on Friday, 04 August 2017 13:24