SJ WorldNews - шаблон joomla Авто

တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၏ အသံမစဲ မဟာပဋ္ဌာန်း ရွတ်ဆို ပူဇော်ပွဲပြုလုပ်

Friday, 12 January 2018 08:32 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဇန်နဝါရီ  ၁၁

တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၏ အသံမစဲ မဟာပဋ္ဌာန်းရွတ်ဆို ပူဇော်ပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်ရှိ တိုင်းဧချမ်း ဓမ္မာရုံ၌ ပြုလုပ်ရာ ကေတုမတီမြို့၊ မြစေတီဆန္ဒတော်ပြည့် မိုးကုတ်ဝိပဿနာကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တပညာစက္က အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တိုင်းမှူး ဗိုလ်ချုပ်မြတ်ကျော်နှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများကမြစေတီ  ဆန္ဒတော်ပြည့် မိုးကုတ်ဝိပဿနာကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ ထို့နောက်  အနန်းပင်တောရကျောင်း ဆရာတော် ဘဒ္ဒန္တဝိမလကပဋ္ဌာန်း ဒေသနာတော်မြတ် အမွှန်း နှိုးဆော်လွှာကို ဖတ်ကြားသည်။

ယင်းနောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များက သံဃာတော်များအား  လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ အဆိုပါအသံမစဲ မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲကို ပင့်သံဃာတော် ၁၃ ပါးဖြင့် ဇန်နဝါရီ ၁၅ ရက်အထိ ရွတ်ဖတ်ပူဇော် သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

Read 140 times Last modified on Friday, 12 January 2018 08:33