SJ WorldNews - шаблон joomla Авто

ကျောက်တော်မြို့နယ်၊ ပြင်လှကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများရှိ ဒေသခံ တိုင်းရင်းသား ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

Friday, 12 January 2018 08:35 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဇန်နဝါရီ  ၁၁

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ပြင်လှကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ ဒေသခံတိုင်းရင်းသား ပြည်သူများအား ယနေ့တွင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါကျေးရွာရှိ ပြင်လှကျောင်းတိုက်၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် သွားနှင့်ခံတွင်းရောဂါ၊ အရိုး/အကြောရောဂါ၊ အစာအိမ်ရောဂါ၊ မျက်စိရောဂါ၊ သွေးတိုးရောဂါနှင့် အထွေထွေရောဂါဝေဒနာရှင်  ဒေသခံ တိုင်းရင်းသားပြည်သူ ၁၄၅ ဦးအား လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သော လူနာများအား စစ်တွေမြို့ရှိ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး  စီစဉ်ဆောင်ရွက်ပေးသည်။  ယင်းသို့ ဆောင်ရွက်နေမှုများကို တိုင်းမှူး ဗိုလ်မှူးချုပ် စိုးတင့်နိုင်နှင့် အဖွဲ့ဝင်များက   သွားရောက်ကြည့်ရှု အားပေးသည်။

ဆက်လက်ပြီး  တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် ပြင်လှကျောင်းတိုက်ရေတော် ဆရာတော် ဘဒ္ဒန္တသဒ္ဓမ္မအား ဖူးမြော်ကန်တော့၍ သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်း ရရှိသည်။

Read 147 times Last modified on Friday, 12 January 2018 12:37