SJ WorldNews - шаблон joomla Авто

လားရှိုးမြို့၊ အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၇) အခြေခံပညာ အထက်တန်းကျောင်းများ၏ ပညာရေးစုံညီ ပွဲတော်ပြုလုပ်

Friday, 12 January 2018 08:45 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဇန်နဝါရီ  ၁၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်း၏ ၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ် ပညာရေး စုံညီပွဲတော်ကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကျောင်း ခန်းမ၌ပြုလုပ်ရာ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ခင်လှိုင်နှင့် အဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများနှင့်  ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားပြီး ၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ်အတွင်း ဘက်စုံထူးချွန်ဆု ရရှိသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား တိုင်းမှူးနှင့် အဖွဲ့ဝင်များက ဂုဏ်ပြုဆုများ ပေးအပ်သည်။  ထို့နောက်  တိုင်းမှူးက  ကျောင်းအတွက်  အလှူငွေများ ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူသည်။

ဆက်လက်၍ တိုင်းမှူးနှင့်အဖွဲ့ဝင်များ သည် ယနေ့နံနက်ပိုင်းတွင် လားရှိုးမြို့၊  အမှတ်(၇) အခြေခံပညာ အထက်တန်းကျောင်း၏ ၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ် ပညာရေးစုံညီ ပွဲတော်ကို တက်ရောက်ကြ သည်။

ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားပြီး ၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ်အတွင်း ဘက်စုံထူးချွန်ဆု ရရှိသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား တိုင်းမှူးနှင့် အဖွဲ့ဝင်များက ဂုဏ်ပြု ဆုများ ပေးအပ်သည်။ ထို့နောက် တိုင်းမှူးက ကျောင်းအတွက် အလှူငွေနှင့် ဘိလပ်မြေအိတ် ၃ဝ အား ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူတစ်ဦးက လက်ခံ ရယူခဲ့ကြောင်း သတင်းရရှိသည်။

Read 135 times Last modified on Friday, 12 January 2018 12:35