SJ WorldNews - шаблон joomla Авто

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဒိုင်း တပ်မတော် (ကြည်း၊ ရေ၊ လေ) ရေကူးပြိုင်ပွဲ ဆုပေးပွဲပြုလုပ်

Saturday, 13 January 2018 07:35 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဇန်နဝါရီ ၁၂

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဒိုင်း တပ်မတော်(ကြည်း၊ ရေ၊ လေ) ရေကူးပြိုင်ပွဲ ဆုပေးပွဲကို ယနေ့ နံနက်ပိုင်းတွင် ဧရာဝတီ ရေတပ်စခန်းဌာနချုပ် ရေကူးကန်၌ ပြုလုပ်ရာဌာနချုပ်မှူး ဗိုလ်မှူးချုပ်နေဝင်း၊ တပ်မတော် (ရေ) မှ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဖိတ်ကြားထားသူများ၊ မြန်မာနိုင်ငံ ရေကူးအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကိုယ်စား ဌာနချုပ်မှူးက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ ပြိုင်ပွဲ အမျိုးအစားအလိုက် ဆုရရှိသူများအား တာဝန်ရှိသူများ ကလည်း ကောင်း၊ ဒိုင်းဆုရရှိသော တပ်မတော်(ရေ) ကိုယ်စားပြု အသင်းအား တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကိုယ်စား ဌာနချုပ်မှူးက လည်းကောင်း ဆုများ အသီးသီး ပေးအပ်ချီးမြှင့်သည်။

အဆိုပါ ရေကူးပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်း ခုနစ်သင်းဖြင့် ဇန်နဝါရီ ၈ ရက်မှ ယနေ့ အထိပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။

Read 265 times Last modified on Saturday, 13 January 2018 07:58