SJ WorldNews - шаблон joomla Авто

တပ်မတော် ပင်လယ်သွား ဆေးရုံသင်္ဘော(သံလွင်)မှ တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့ ဟိုင်းကြီးကျွန်းမြို့နယ်၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

Saturday, 13 January 2018 07:59 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဇန်နဝါရီ ၁၂

ဧရာဝတီတိုင်း ဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့နယ်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေသော တပ်မတော် နယ်လှည့် အထူးကု ဆေးအဖွဲ့များ ပါဝင်သည့် တပ်မတော် ပင်လယ်သွား ဆေးရုံသင်္ဘော(သံလွင်)သည် ယနေ့တွင် ဟိုင်းကြီးကျွန်းမြို့နယ်ရှိ တပ်မတော်ဆေးရုံ၌ ဒေသခံပြည်သူ ၂၇၆ ဦးအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက် ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှု ဆိုင်ရာရောဂါ ၆၈ ဦး၊ ခွဲစိတ်ရောဂါ ၄၆ ဦး၊ ကလေးရောဂါ ၃၁ ဦး ၊ သားဖွား/မီးယပ်ရောဂါ ၁၅ ဦး၊ အရိုးရောဂါ ၃၃ ဦး၊ နား/နှာခေါင်း/ လည်ချောင်းရောဂါ ၂၃ ဦး၊ မျက်စိရောဂါ၃၂ ဦးနှင့် သွားရောဂါ ၂၈ ဦးတို့ကို လိုအပ်သည့် ဆေးဝါး ကုသမှုများ ဆောင်ရွက်ပေးပြီး ၎င်းတို့အနက်မှ ဓာတ်မှန်ရိုက် လူနာလေးဦး၊ တယ်လီဗေးရှင်း ဓာတ်မှန်ရိုက် လူနာရှစ်ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ် လူနာရှစ်ဦးနှင့် ဓာတ်ခွဲစမ်းသပ် လူနာ ၄၆ ဦး တို့ကို ရောဂါရှာဖွေ စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးသည်။

ထို့ပြင် ဆေးရုံ တက်ရောက် ကုသရန် လိုအပ်သည့် ဒေသခံပြည်သူ ၁၄ ဦးအား ဆေးရုံ သင်္ဘောပေါ်တွင် ဆေးရုံတင် ကုသပေးခဲ့ကြောင်း သတင်းရရှိသည်။

Read 124 times Last modified on Saturday, 13 January 2018 08:04