SJ WorldNews - шаблон joomla Авто

အဆင့်မြင့် စစ်မှုထမ်းဟောင်း အိမ်ရာဆောက်လုပ်နေမှုနှင့် ဆေးရုံတက်ရောက် ကုသမှု ခံယူနေသူများအား ကြည့်ရှုအားပေး

Sunday, 14 January 2018 08:55 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဇန်နဝါရီ  ၁၃

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ အဆင့်မြင့် စစ်မှုထမ်းဟောင်းအိမ်ရာ ဆောက်လုပ်နေမှု များအား အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်စိုးတင့်နိုင်နှင့် အဖွဲ့ဝင်များက ယနေ့နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှု၍ အဆောက်အအုံများ အရည်အသွေးပြည့်မီရေးနှင့် အချိန်မီ ဆောက်လုပ်ပြီးစီးရေးအတွက် လိုအပ်သည်များ မှာကြားခဲ့သည်။

ထို့နောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် စစ်တွေမြို့ရှိ နယ်မြေခံ တပ်မတော်ဆေးရုံတွင် တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိသော တပ်မတော်သားများနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများ၏ ကျန်းမာရေး အခြေအနေများနှင့် ဆေးဝါးကုသမှု အခြေအနေများအား လိုက်လံကြည့်ရှု၍ အားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

Read 124 times Last modified on Sunday, 14 January 2018 08:55