နေပြည်တော် ဇန်နဝါရီ ၁၃
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်ရှိ ဇီဝိတဒါနသံဃာ့ ဆေးရုံကြီး အတွင်း/အပြင် သန့်ရှင်းသာယာ လှပရေးအတွက် ယနေ့နံနက်ပိုင်းတွင် မန္တလေးတပ်နယ်မှ တပ်မတော်သား များက စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်ပေးသည်။
ထိုသို့ဆောင်ရွက်နေမှုများအား အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်စွာလင်းနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။