SJ WorldNews - шаблон joomla Авто

ပဲခူးတိုင်းဒေသကြီး အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် စာသင်ကျောင်းများ၌ စုပေါင်း သန့်ရှင်းရေး ပြုလုပ်

Sunday, 14 January 2018 09:06 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဇန်နဝါရီ  ၁၃

ပဲခူးတိုင်းဒေသကြီး၊ ရေနီမြို့၊ ဓမ္မဝိဟာရ ဘုန်းတော်ကြီးကျောင်း၊ ကညွတ်ကွင်းမြို့၊ တပ်ဦးဘုန်းတော်ကြီးကျောင်း၊ ရွှေကျင်မြို့၊ ကျောင်းဝိုင်းကြီးဘုန်းတော်ကြီးကျောင်း၊ ပဲခူးမြို့၊ ကြခတ်ဝိုင်း ဘုန်းတော်ကြီးကျောင်း၊ ဝမ်းဘဲအင်းမြို့၊ အခြေခံပညာ အထက်တန်းကျောင်းနှင့် ပန်းတောင်းမြို့နယ် ပြင်ကြီးကျေးရွာ မင်းစံဘုန်းတော်ကြီး ကျောင်းများ၏ ပတ်ဝန်းကျင်သန့်ရှင်း သာယာလှပရေးအတွက် ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိ တပ်နယ်အသီးသီးမှ နယ်မြေခံ တပ်မတော်သားများက ချုံနွယ်၊ ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် အမှိုက်များ ရှင်းလင်းခြင်းတို့အား စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။ 

Read 71 times Last modified on Sunday, 14 January 2018 09:07