နေပြည်တော် ဇန်နဝါရီ ၁၃
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ မင်းကွန်းတောင်ရိုးရှိ သမိုင်းဝင်မင်းကွန်းပုထိုး တော်ကြီး၊ ခြင်္သေ့ကြီးနှစ်ကောင်နှင့် မြသိန်းတန်စေတီတော်ကြီးတို့တွင် သန့်ရှင်းသာယာ လှပရေးအတွက် ယနေ့နံနက်ပိုင်းတွင် အနောက် မြောက်တိုင်းစစ်ဌာနချုပ်၊ စစ်ကိုင်းတပ်နယ်မှ တပ်မတော်သားများက ဘုရားဝင်းအတွင်း/ အပြင်ရှိ ချုံနွယ်များ၊ ပေါင်းမြက်များ ရှင်းလင်း ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။