SJ WorldNews - шаблон joomla Авто

ကျပ်သိန်း ၁၇ဝ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်း ရမိ

Sunday, 14 January 2018 09:11 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဇန်နဝါရီ   ၁၃

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်နေသော လုံခြုံရေး တပ်ဖွဲ့ဝင်များသည် ဇန်နဝါရီ ၁၂ ရက် ည ၈ နာရီ မိနစ် ၄ဝ ခန့်တွင် မောင်တော မြို့၏အနောက်ဘက် ၃၁ မိုင်ခန့်အကွာ၌ လုံခြုံရေး ဆောင်ရွက်နေစဉ် ဒိုးတန်းကျေးရွာ ဘက်မှ ငါးခူရကျေးရွာဘက်သို့ လမ်းလျှောက်လာသော မသင်္ကာဖွယ်လူနှစ်ဦးအား စစ်ဆေး ရန် ခေါ်ယူခဲ့ရာ လာရောက်ခြင်း မရှိဘဲ အထုပ်တစ်ထုပ်အား ပစ်ချ၍ လာလမ်းအတိုင်း ထွက် ပြေးသွားခဲ့သည်။

အဆိုပါအထုပ်အား ဖွင့်ဖောက်စစ်ဆေးရာWYစာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၈၅၅ဝဝ ပြား(ခန့်မှန်းတန်ဖိုး ကျပ်သိန်း ၁၇ဝ ကျော်ခန့်)အား သိမ်းဆည်း ရမိခဲ့ပြီး ငါးခူရ နယ်မြေ ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံ ပြီးဖြစ်ကြောင်း သတင်းရရှိသည်။

Read 17 times Last modified on Sunday, 14 January 2018 18:26