SJ WorldNews - шаблон joomla Авто

ကေတုမတီမြို့၊ အခြေခံပညာ အလယ်တန်းကျောင်း၏ ၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ် ပညာရေး စုံညီပွဲတော်ပြုလုပ်

Sunday, 14 January 2018 09:22 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဇန်နဝါရီ  ၁၃

ပဲခူးတိုင်းဒေသကြီး၊   တောင်ငူမြို့နယ်၊ ကေတုမတီမြို့ အခြေခံပညာ အလယ်တန်းကျောင်း၏ ၂ဝ၁၇ -၂ဝ၁၈ ပညာသင်နှစ် ပညာရေးစုံညီ ပွဲတော်ကို ဇန်နဝါရီ ၁၂ ရက် နံနက်ပိုင်း တွင် အဆိုပါကျောင်း ခန်းမ၌ ပြုလုပ်ရာ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်  တိုင်းမှူး  ဗိုလ်ချုပ်မြတ်ကျော်နှင့် တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များက  တိုင်းဒေသကြီးအဆင့်နှင့် မြို့နယ်အဆင့် ထူးချွန်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများ၊ ပညာ ရည်ချွန်ဆု ရရှိသူများ နှင့် အားကစားပြိုင်ပွဲများတွင် ဆုရရှိကြသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြု မှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ် ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။

Read 18 times Last modified on Sunday, 14 January 2018 09:25