SJ WorldNews - шаблон joomla Авто

မောင်တောမြို့နယ်၊ ရွက်ညိုတောင် ကျေးရွာအနီး နတ်မြစ်အတွင်း၌ ငွေကျပ်သိန်းပေါင်း ၁၉ဝဝ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

Tuesday, 13 February 2018 09:08 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဖေဖော်ဝါရီ ၁၂

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ရွက်ညိုတောင် ကျေးရွာအနီး နတ်မြစ်အတွင်း၌ တရားဥပဒေ စိုးမိုးရေး လုပ်ငန်းများ ဆောင်ရွက်နေသော လုံခြုံရေး တပ်ဖွဲ့ဝင်များသည် ယနေ့ နံနက် ၈ နာရီ ၂၅ မိနစ်ခန့်တွင် မသင်္ကာဖွယ် လှေတစ်စင်း တွေ့ရှိသဖြင့် သွားရောက် စစ်ဆေးရာ လှေတွင်ပါလာသော ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက္ကနာဖ်မြို့နယ်၊ ဂျာဒီပါရွာနေ ရှောင်ရှူးအာလောင်(ဘ) အလီအား ဆာလာအိတ်ဖြင့် ထုပ်ထားသော WY/R စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၉၅၄၉ဝ ပြား (ခန့်မှန်းတန်ဖိုးငွေကျပ် သိန်းပေါင်း ၁၉ဝဝ ကျော်) နှင့် အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ မူးယစ်ဆေးဝါး များနှင့်အတူ ဖမ်းဆီးရမိသူအား မောင်တောမြို့နယ်၊ မူးယစ် တပ်ဖွဲ့စုသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။

Read 117 times Last modified on Tuesday, 13 February 2018 09:09