SJ WorldNews - шаблон joomla Авто

မိုးမိတ်မြို့နယ်၊ ဆည်ဦးကျေးရွာ အနီး၌ တရားမဝင်သစ်များ သိမ်းဆည်းရမိ

Tuesday, 13 February 2018 09:09 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဖေဖော်ဝါရီ  ၁၂

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုးမိတ်မြို့နယ်၊ ဆည်ဦးကျေးရွာ အနီး၌ တရားမဝင်သစ်များ စုပုံထားကြောင်း သတင်းအရ ဖေဖော်ဝါရီ ၁၁ ရက် မွန်းလွဲ ၂ နာရီခန့်တွင် နယ်မြေလုံခြုံရေး ဆောင်ရွက်နေသည့် တပ်မတော်သားများက သွားရောက်ရှင်းလင်းရာ ဆည်ဦးကျေးရွာ၏ အနောက်မြောက်ဘက် ၇ မိုင်ခန့်အကွာ၌ တရားမဝင် ကျွန်းသစ်လုံးဆိုဒ်စုံ ၁၄ လုံး(ခန့်မှန်း ၅ တန်ခန့်)နှင့် သစ်မာဆိုဒ်စုံ ၁ဝ လုံး(ခန့်မှန်း ၄ တန်ခန့်)တို့ကို ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့သည်။ အဆိုပါ သိမ်းဆည်းရမိ တရားမဝင် သစ်များအား မဘိမ်းသစ်တော ဦးစီးဌာနသို့ စနစ်တကျ လွှဲပြောင်းအပ်နှံသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

Read 113 times Last modified on Tuesday, 13 February 2018 09:10