SJ WorldNews - шаблон joomla Авто

နမ့်စန်မြို့နယ်၊ အမှတ်(၅) ကျေးရွာအနီး တရားမဝင် သယ်ဆောင်လာသော ကျွဲ၊ နွားများ ဖမ်းဆီးရမိ

Tuesday, 13 February 2018 09:10 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဖေဖော်ဝါရီ  ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့နယ်၊ အမှတ်(၅) ကျေးရွာအနီး နယ်မြေခံ တပ်မတော်သား များက လုံခြုံရေး ဆောင်ရွက်စဉ် ဖေဖော်ဝါရီ ၁ဝ ရက် မွန်းတည့် ၁၂ နာရီ ခန့်တွင် အမှတ်(၅) ကျေးရွာဘက်မှ ဝမ်ပန်ရွာဘက်သို့ မောင်းနှင်လာသော ကန်ဒါအမျိုး အစား ခြောက်ဘီးယာဉ် ၁၃ စီးအား ရပ်တန့် စစ်ဆေးစဉ် ယာဉ်မောင်း မောင်နိုင် အပါအဝင် အမျိုးသား ၁၃ ဦး၊ ယာဉ်နောက်လိုက် ရဲအောင် အပါအဝင် အမျိုးသား ၁၃ ဦးနှင့် အဆိုပါ ယာဉ်များအား ဦးစီး ခေါ်ဆောင်လာသူ ဦးခွန်တသန်း တို့အား ယာဉ်များပေါ်၌ တရားမဝင် သယ်ဆောင်လာသော ကျွဲ ၂၃ ကောင်၊ နွား ၇၆ ကောင်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါကျွဲ၊ နွားများ တရားမဝင် သယ်ဆောင်လာသူ အမျိုးသား ၂၇ ဦး၊ ကျွဲ၊ နွားများနှင့် ယာဉ်များအား နမ့်စန်မြို့နယ် ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းပေးအပ်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

Read 68 times Last modified on Tuesday, 13 February 2018 09:10