SJ WorldNews - шаблон joomla Авто

မိုင်းခုတ်-မိုင်းဖြတ်သွား ကားလမ်းအနီး၌ တရားမဝင် သစ်များနှင့် မော်တော်ယာဉ်များ သိမ်းဆည်းရမိ

Tuesday, 13 February 2018 09:10 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဖေဖော်ဝါရီ ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခုတ်-မိုင်းဖြတ်သွား ကားလမ်းပေါ်၌ တရားမဝင်သစ်များ သယ်ယူရန် ဆောင်ရွက်နေကြောင်း သတင်းအရ ဖေဖော်ဝါရီ ၁၁ ရက် မွန်းလွဲ ၂ နာရီခန့်တွင်  နယ်မြေလုံခြုံရေး ဆောင်ရွက်နေသည့် တပ်မတော်သားများက သွားရောက်စစ်ဆေးစဉ် အဆိုပါ ကားလမ်းပေါ်တွင် လိုင်စင်မဲ့ တုန်ဖုန်း အမျိုးအစား ခြောက်ဘီးယာဉ် ခြောက်စီးအား  တရားမဝင် ပိတောက်စကွဲယားတုံး စုစုပေါင်း ၄၄ တန်ခန့် တင်ဆောင်လျက် ရပ်တန့်ထား သည်ကို  ပိုင်ရှင်မဲ့တွေ့ရှိ သိမ်းဆည်း ရမိခဲ့သည်။ အဆိုပါ သိမ်းဆည်းရမိ မော်တော်ယာဉ် များနှင့် သစ်များအား မိုင်းခုတ်သစ်တော ဦးစီးဌာနသို့  စနစ်တကျ လွှဲပြောင်းအပ်နှံသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

Read 152 times Last modified on Tuesday, 13 February 2018 09:12