SJ WorldNews - шаблон joomla Авто

တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်း ပြိုင်ပွဲများ ဆဋ္ဌမနေ့ ဆက်လက်ကျင်းပ

Wednesday, 14 February 2018 08:30 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဖေဖော်ဝါရီ ၁၃

(၇၃)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်၊ (၂၅)ကြိမ်မြောက် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲ ဆဋ္ဌမနေ့(ဂ) အဆင့်ပြိုင်ပွဲများကို ယနေ့တွင် နေပြည်တော်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်း စစ်ရေးပြကွင်း၌ ဆက်လက်ကျင်းပ ပြုလုပ်သည်။

ဦးစွာ နံနက်ပိုင်းတွင် ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် ကိုယ်စားပြု အမှတ်(၃)တပ်ခွဲ စစ်တီးဝိုင်းအသင်း၊ အမှတ်(၃၃) ခြေမြန်တပ်မ ဌာနချုပ်ကိုယ်စားပြု စစ်တီးဝိုင်းအသင်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် ကိုယ်စားပြု စစ်တီးဝိုင်းအသင်း၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ကိုယ်စားပြု အမှတ်(၁)တပ်ခွဲ စစ်တီးဝိုင်းအသင်းနှင့် အမှတ်(၄၄)ခြေမြန်တပ်မ ဌာနချုပ် ကိုယ်စားပြု စစ်တီးဝိုင်း အသင်းတို့ ယှဉ်ပြိုင်ခဲ့ကြသည်။ ထို့နောက် မွန်းလွဲပိုင်းတွင် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ကိုယ်စားပြု အမှတ်(၂) တပ်ခွဲ စစ်တီးဝိုင်းအသင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ကိုယ်စားပြု အမှတ်(၂)တပ်ခွဲ စစ်တီးဝိုင်း အသင်းနှင့် အရှေ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ကိုယ်စားပြု အမှတ်(၂) တပ်ခွဲစစ်တီးဝိုင်း အသင်းတို့ အသီးသီး ယှဉ်ပြိုင်ခဲ့ကြကြောင်း သတင်းရရှိသည်။

Read 41 times Last modified on Wednesday, 14 February 2018 08:32