SJ WorldNews - шаблон joomla Авто

KIA အကြမ်းဖက် သောင်းကျန်းသူများ ထောင်ထားသည့် တိုက်မိုင်းတစ်လုံး တိုက်မိပေါက်ကွဲသဖြင့် ဒေသခံ ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိ

Wednesday, 14 February 2018 09:29 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဖေဖော်ဝါရီ ၁၃

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရွှေစက်ရပ်ကွက်နေ ဦးငွားလေးသည် ဖေဖော်ဝါရီ ၁၂ ရက် နံနက် ၉ နာရီခန့်တွင် နန်းကွေ့ကျေးရွာရှိ ၎င်း၏နွားများအား သွားရောက်ယူဆောင်စဉ် ကျေးရွာ၏မြောက်ဘက် ၁၅ မိုင် ခန့်အကွာသို့အရောက်၌ KIA အကြမ်းဖက် သောင်းကျန်းသူများ ထောင်ထားသည့် တိုက်မိုင်းတစ်လုံးအား တိုက်မိပေါက်ကွဲခဲ့သဖြင့် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့ကာ မြစ်ကြီးနားမြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ေ ရာက် ဆေးကုသမှုခံယူလျက်ရှိသည်။ အဆိုပါ မိုင်းထိလူနာအား နယ်မြေခံတပ်မှ တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးစကား ပြောကြားပြီး ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

Read 73 times Last modified on Wednesday, 14 February 2018 09:30