SJ WorldNews - шаблон joomla Авто

ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအား တွေ့ဆုံ၊ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

Wednesday, 14 February 2018 10:25 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဖေဖော်ဝါရီ ၁၃

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအား ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သက်ပုံနှင့် အဖွဲ့ဝင်များက တိုင်းစစ် ဌာနချုပ် အနော်ရထာခန်းမ၌ တွေ့ဆုံအမှာ စကားပြောကြားပြီး လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ထို့နောက် တိုင်းစစ်ဌာနချုပ် နယ်လှည့် ဆေးကုသရေးအဖွဲ့က စစ်မှုထမ်းဟောင်းအဖွဲ့ ဝင်များအား သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးရောဂါ၊  အထွေထွေရောဂါတို့နှင့် ပတ်သက်၍ ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ထိုသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူးနှင့် အဖွဲ့ဝင်များက သွား ရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သတင်းရရှိသည်။                         

Read 46 times Last modified on Wednesday, 14 February 2018 10:31