SJ WorldNews - шаблон joomla Авто

တောင်ငူမြို့၊ မြစည်းခုံ စာသင်တိုက်၌ (၄၉)ကြိမ်မြောက် ပရိယတ္တိ စာသင်တိုက် စာပြန်ပွဲ ဖြေဆိုနေသည့် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်ခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

Thursday, 15 February 2018 07:25 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဖေဖော်ဝါရီ ၁၄

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ မြစည်းခုံ စာသင်တိုက်၌ (၄၉)ကြိမ်မြောက် တောင်ငူ ခရိုင်လုံးဆိုင်ရာ သုဓမ္မာ ပရိယတ္တိ စာမေးပွဲ ဝင်ရောက်ဖြေဆိုတော် မူကြသည့် သံဃာတော် အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခြင်းကို ဖေဖော်ဝါရီ ၁၃ ရက် နံနက်ပိုင်းတွင်  အဆိုပါ စာသင်တိုက်၌ ပြုလုပ်ရာ ကြာနီကန်ကျောင်းတိုက် ဦးစီးပဓာန နာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ မဟာဂန္ထဝါစက ပဏ္ဍိတ အဂ္ဂမဟာဂန္ထ ဝါစက ပဏ္ဍိတ ဘဒ္ဒန္တ သူရိယ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး  ဗိုလ်ချုပ်မြတ်ကျော်နှင့်  အရာရှိ၊ စစ်သည်၊ မိသားစုများ၊ စေတနာရှင် အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြ သူများက ကြာနီကန် ကျောင်းတိုက်ဆရာတော် ထံမှ ငါးပါးသီလ ခံယူဆောက်တည် ကြပြီးနောက် သံဃာတော်များ၏ ပရိတ်တရားတော်  ရွတ်ပွားမှု များကို နာယူကြသည်။ ယင်းနောက် တိုင်းမှူးနှင့် တက်ရောက်လာကြ သူများက သံဃာတော် များအား သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း ကြပြီး တောင်ငူခရိုင် အတွင်းရှိ စာသင်တိုက် အသီးသီးမှ ဝင်ရောက်ဖြေဆိုတော် မူကြသည့် စာသင်/စာချနှင့် စာဖြေသံဃာတော် စုစုပေါင်း အပါး ၄ဝဝ တို့ကို နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြသည်။ ထို့ပြင် စာမေးပွဲ ဝင်ရောက်ဖြေဆိုကြသည့် သံဃာတော် အရှင်သူမြတ်များအား တိုင်းစစ်ဌာနချုပ် နယ်လှည့် ဆေးကုသရေး အဖွဲ့က အဆိုပါကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။ ထိုသို့ ဆောင်ရွက်ပေးရာတွင် သွေးအား နည်းရောဂါ၊ အအေးမိရောဂါ၊ အဆုတ်ရောင် ရောဂါ၊ အရေပြားရောဂါ၊ အထွေထွေရောဂါ တို့နှင့်ပတ်သက်၍ သံဃာတော် ၆၅ ပါးတို့ကို ကျန်းမာရေး စစ်ဆေးကုသ ပေးခြင်းများ ဆောင်ရွက်ပေးပြီး  ဆေးရုံတက်ရောက် ကုသရန် လိုအပ်သော သံဃာတော် နှစ်ပါးအား တောင်ငူမြို့ရှိ တပ်မတော် ဆေးရုံသို့ တက်ရောက် ကုသနိုင်ရေး စီစဉ်ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။

Read 68 times Last modified on Thursday, 15 February 2018 07:26