SJ WorldNews - шаблон joomla Авто

တောင်ငူမြို့နယ်နှင့် ပန်းတောင်းမြို့နယ်တို့၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

Tuesday, 13 March 2018 08:10 font size decrease font size decrease font size increase font size increase font size

နေပြည်တော် မတ် ၁၂

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ထန်းကုန်းကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာ များမှ ဒေသခံ ပြည်သူများအား ယနေ့တွင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်လှည့် ဆေးကုသရေး အဖွဲ့က အဆိုပါ ကျေးရွာဘုန်းတော်ကြီး ကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ အရိုး/အကြောရောဂါ၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍ ဒေသခံပြည်သူ ၁၂၈ ဦးတို့ကို လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက် ကုသရန် လိုအပ်သော လူနာသုံးဦးအား တောင်ငူမြို့ရှိ တပ်မတော် ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ် ဆောင်ရွက်ပေးသည်။ အလားတူ ပန်းတောင်းမြို့နယ်၊ ဆင်တဲကျေးရွာရှိ ဒေသခံပြည်သူ ၁၅ဝ ဦးအား တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေး အဖွဲ့က ကျေးရွာဘုန်းတော်ကြီးကျောင်း၌ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ သွားရောဂါ၊ အရေပြားရောဂါ၊ မျက်စိရောဂါ၊ အရိုး/ အကြော ရောဂါ၊ အစာအိမ်ရောဂါ၊ နှလုံးရောဂါ၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက် ကုသရန် လိုအပ်သော လူနာခုနစ်ဦးအား ပြည်မြို့ရှိ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။ ထိုသို့ ဆောင်ရွက်ပေးနေမှု များကို တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သတင်းရရှိသည်။

Read 116 times Last modified on Tuesday, 13 March 2018 08:13