SJ WorldNews - шаблон joomla Авто

ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်း၊ အခြေခံ အင်္ဂလိပ်စာနှင့် ကွန်ပျူတာ သင်တန်းများ ဖွင့်ပွဲပြုလုပ်

Tuesday, 13 March 2018 08:14 font size decrease font size decrease font size increase font size increase font size

နေပြည်တော် မတ် ၁၂

ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်မှ ဖွင့်လှစ်သည့် ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်း၊ အခြေခံ အင်္ဂလိပ်စာနှင့် ကွန်ပျူတာ သင်တန်းများ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်မြို့၊ ရွှေပေးကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်းခွဲ၌ ပြုလုပ်ရာ တိုင်းစစ်ဌာနချုပ်မှ တပ်မတော် အရာရှိကြီးများ၊ ဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ တာဝန်ရှိသူ တစ်ဦးက အဖွင့်အမှာစကား ပြောကြားပြီး စာရေးကိရိယာများ ပေးအပ်သည်။ ထို့နောက် သင်တန်းသား၊ သင်တန်းသူများအား သင်တန်းများအလိုက် သင်ကြားပို့ချ နေမှုများကို လိုက်လံကြည့်ရှုသည်။ အဆိုပါ သင်တန်းများတွင် ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်းကို သင်တန်းသား၊ သင်တန်းသူ ၁၄၄ ဦး၊ အင်္ဂလိပ်စာသင်တန်းကို သင်တန်းသား၊ သင်တန်းသူ ၁ဝဝ ဦးနှင့် အခြေခံကွန်ပျူတာ သင်တန်းကို သင်တန်းသား၊ သင်တန်းသူ ၄၆ ဦးတို့ဖြင့် ဧပြီ ၆ ရက်အထိ အသီးသီး ဖွင့်လှစ်သင်ကြား ပို့ချပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

 

Read 61 times Last modified on Tuesday, 13 March 2018 08:14