SJ WorldNews - шаблон joomla Авто

ဆဒုံးမြို့နယ်အတွင်း တရားမဝင်သစ်များ သိမ်းဆည်းရမိ

Tuesday, 13 March 2018 08:14 font size decrease font size decrease font size increase font size increase font size

နေပြည်တော် မတ် ၁၂

ကချင်ပြည်နယ်၊ ဆဒုံးမြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် မတ် ၁၁ ရက် နံနက်ပိုင်းတွင် ဘွန်တောင်ကျေးရွာ၏ အရှေ့မြောက်ဘက် ၄ မိုင်ခန့်အကွာ၌ တရားမဝင် အထပ်သား ထုတ်လုပ်သည့် စက်တစ်လုံး၊ သစ်အလွှာသား ၂ဝဝ ချပ်၊ စကားဝါ၊ ရေမနေသစ်လုံးဆိုဒ်စုံ ၄၆ဝ လုံး(ခန့်မှန်း ၉၅ တန်)အားလည်းကောင်း၊ ဘွန်တောင်ကျေးရွာ၏ မြောက်ဘက် ၆ မိုင်ခန့် အကွာ၌ စကားဝါ၊ ရေမနေသစ်လုံးဆိုဒ်စုံ ၄၃ဝ လုံး(ခန့်မှန်း ၆ဝ တန်)အားလည်းကောင်း ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့သည်။

အဆိုပါ သိမ်းဆည်းရမိ တရားမဝင် သစ်များနှင့် အထပ်သား ထုတ်လုပ်သည့် စက်အား ဝိုင်းမော်မြို့နယ် သစ်တောဦးစီး ဌာနသို့ စနစ်တကျ လွှဲပြောင်း အပ်နှံသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

Read 72 times Last modified on Tuesday, 13 March 2018 08:15