SJ WorldNews - шаблон joomla Авто

အနောက်မြောက်တိုင်း စစ်ဌာနချုပ် ယဉ်ကျေးလိမ္မာ၊ အင်္ဂလိပ်စာ အခြေခံ၊ ကွန်ပျူတာ အခြေခံနှင့် ခရစ်ကက် အားကစား အခြေခံ သင်တန်းများ သင်တန်းဆင်းပွဲ ပြုလုပ်

Thursday, 12 April 2018 09:02 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဧပြီ ၁၁

အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ ဖွင့်လှစ်သည့် ယဉ်ကျေး လိမ္မာသင်တန်း၊ အင်္ဂလိပ်စာ အခြေခံသင် တန်း၊ ကွန်ပျူတာ အခြေခံ သင်တန်းနှင့် ခရစ်ကက် အားကစား အခြေခံ သင်တန်းများ ဆင်းပွဲကို ယနေ့ နေ့လယ်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် ဇေယျာသီရိခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ဖုန်းမြတ်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက သင်တန်းဆင်း အမှာစကား ပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက သင်တန်းများအလိုက် ထူးချွန်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများနှင့် သင်တန်းနည်းပြ များအား ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ကြသည်။ အဆိုပါ သင်တန်းများကို တိုင်းစစ်ဌာနချုပ် တပ်ရင်း/တပ်ဖွဲ့များမှ သင်တန်းသားကျောင်းသား၊ ကျောင်းသူ ၂ဝဝ ဦးဖြင့် မတ် ၂၆ ရက်မှ ယနေ့ထိ ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။

Read 16 times Last modified on Thursday, 12 April 2018 09:04