SJ WorldNews - шаблон joomla Авто

အရှေ့တောင်တိုင်း စစ်ဌာနချုပ်၏ စုပေါင်းရဟန်းခံ ရှင်ပြု အလှူတော် မင်္ဂလာ ပြုလုပ်

Thursday, 12 April 2018 09:08 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဧပြီ ၁၁

အရှေ့တောင်တိုင်း စစ်ဌာနချုပ်၏ စုပေါင်းရဟန်းခံ ရှင်ပြုအလှူတော် မင်္ဂလာကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် သန္တိသုခ ဓမ္မာရုံ၌ပြုလုပ်ရာ မော်လမြိုင်မြို့၊ နိုင်ငံတော် သံဃမဟာ နာယက အဖွဲ့ဝင် ဇောတိကာရုံ ကျောင်းတိုက်ဆရာတော် အဂ္ဂမဟာ ဂနဝ္ထါစက ပဏ္ဍိတ ဘဒ္ဒန္တစန္ဒောဘာသ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်းနှင့် အရာရှိ၊ စစ် သည်၊ မိသားစုများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဇောတိကာရုံကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြကာ သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နေ့ဆွမ်း ဆက်ကပ် လှူဒါန်းသည်။ အဆိုပါ စုပေါင်းရဟန်းခံ ရှင်ပြုအလှူတော်မင်္ဂလာတွင် ရဟန်းလောင်းနှင့် ရှင်သာမဏေလောင်းများ ကို ဧပြီ ၁ဝ ရက် နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် သန္တိသုခဓမ္မာရုံမှ ကျိုက်သလ္လံ စေတီတော်သို့ ရှင်လောင်း လှည့်လည်၍ ကော့ခနိရွှေကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တသုမန အမှူးပြုသော သံဃာတော်များက ရဟန်း လောင်း ၅ဝ ပါးနှင့် ရှင်သာမဏေလောင်း နှစ်ပါးတို့ကို ဆံချမင်္ဂလာပြုလုပ်ပြီး ပဗ္ဗဇ္ဇ အမွေရဟန်းနှင့် သာမ ဏေအဖြစ် သွတ်သွင်းပေးခဲ့ကြောင်း သတင်းရရှိသည်။

Read 63 times Last modified on Thursday, 12 April 2018 09:11